မဿဲ13
မျိုးစေ့/ကြဲသော/လယ်သမား/ပုံဥပမာ
1ထို/နေ့/၌ပင် ယေရှု/သည် အိမ်ပြင်/သို့/ထွက်ကြွ/ကာ အိုင်/နံဘေး/၌ ထိုင်တော်မူ၏။2လူအုပ်ကြီး/သည် အနားတော်/တွင် စုဝေးလာကြ/သဖြင့် ယေရှု/သည် လှေ/ပေါ်သို့/တက်/၍ ထိုင်တော်မူ၏။ လူအုပ်ကြီး/သည်လည်း ကမ်းခြေ/တွင် ရပ်နေကြ၏။3ထိုအခါ ယေရှု/သည် ထို/သူတို့/အား အကြောင်းအရာ/များစွာ/ကို ပုံဥပမာများ/ဖြင့် မိန့်တော်မူသည်/မှာ “နားထောင်ကြလော့။ လယ်သမား/တစ်ဦး/သည် မျိုးစေ့/ကြဲ/ရန် ထွက်သွား၏။4မျိုးစေ့/ကြဲရာ/တွင် အချို့/အစေ့တို့/မှာ လမ်း/ပေါ်တွင်/ကျ/သဖြင့် ငှက်တို့/သည် လာ/၍ ကောက်စားကြ၏။5တချို့/မှာ မြေ/နည်း/၍ ကျောက်ပေါသော/နေရာ/တွင် ကျ/ပြီး မြေ/တိမ်/သောကြောင့် ချက်ချင်း/အပင်ပေါက်လာ၏။6သို့သော်လည်း နေ/ထွက်/သောအခါ အပူဒဏ်ခံရ/ပြီး အမြစ်/လည်း/မစွဲ/သောကြောင့် ညှိုးနွမ်းသွားကြ၏။7တချို့/မှာ ဆူးပင်/ကြား/တွင် ကျ/သဖြင့် ဆူးပင်တို့/သည် ကြီးထွား/၍ ထို/အပင်ငယ်တို့/ကို ပိတ်ဆို့ထားကြ၏။8တချို့/မှာ ကောင်းသော/မြေ/၌ ကျ/သဖြင့် အဆ/သုံးဆယ်၊ အဆ/ခြောက်ဆယ်၊ အဆ/တစ်ရာ တိုးပွား/၍ အသီး/သီးကြ၏။9နား/ရှိသောသူ/သည် ကြား/၍ နားလည်ပါစေ” ဟူ၍ ဖြစ်၏။10တပည့်တော်များ/သည် လာ/၍ “သခင်/သည် လူတို့/အား ဟောပြော/ရာတွင် အဘယ်ကြောင့် ပုံဥပမာများ/ကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်/အား မေးလျှောက်ကြ၏။11ကိုယ်တော်/က “သင်တို့/သည် ကောင်းကင်/နိုင်ငံတော်/၏ လျှို့ဝှက်/နက်နဲသော/အကြောင်းအရာများ/ကို သိခွင့်/ရကြ/သော်လည်း အခြားသူများ/မှာ သိခွင့်/မရကြ။12ရှိသော/သူတို့/အား များစွာ/ထပ်/၍ ပေးတော်မူ/သဖြင့် သူတို့/သည် ကြွယ်ဝကြ/လိမ့်မည်။ မရှိသော/သူတို့/ထံမှ/မူ သူတို့/၌/ရှိသော/အရာ/ကိုပင် သိမ်းယူတော်မူ/လိမ့်မည်။13ငါ/သည် ဤ/ပုံဥပမာများ/ဖြင့် ပြောဆိုရခြင်း/မှာ‘သူတို့/သည် ကြည့်/သော်လည်း မမြင်ကြ၊နားထောင်/သော်လည်း မကြားကြ၊ အဓိပ္ပာယ်/ကို/လည်း/နားမလည်ကြ’သောကြောင့် ဖြစ်၏။14ဤသို့ဖြင့် ဟေရှာယ/၏ ကြိုတင်/ဟောပြောချက်/သည် သူတို့/၌ ဖြစ်လာလေ၏။ ထို/ဟောပြောချက်/မှာ‘သင်တို့/သည် ငါ/ပြောသည့်/စကား/ကို နားထောင်/လျက်နှင့်ပင်နားမလည်ကြ။ငါ/လုပ်ဆောင်သည့်/အရာ/ကို ကြည့်/လျက်နှင့်ပင်သဘောမပေါက်နိုင်ကြ။15ဤ/လူတို့/၏ စိတ်နှလုံး/သည် ထုံထိုင်း၏။သူတို့/၏ နား/သည်/ထိုင်းကြ၏။မျက်စိ/ကိုလည်း ပိတ်ထားကြ၏။ထို့ကြောင့် သူတို့/၏ မျက်စိ/သည် မမြင်နိုင်ကြ။နား/သည် မကြားနိုင်ကြ။နားမလည်နိုင်/သောကြောင့် စိတ်နှလုံး/သည်လည်းငါ့/ထံသို့/မပြောင်းလဲနိုင်ကြ။ငါ့/ကုသမှု/ကိုလည်း မခံယူနိုင်ကြ’ ဟူ၍ ဖြစ်၏။16သို့ရာတွင် သင်တို့/၏ မျက်စိ/သည် မြင်/သောကြောင့် မင်္ဂလာ/ရှိကြ၏။ သင်တို့/၏/နား/သည် ကြား/သောကြောင့် မင်္ဂလာ/ရှိကြ၏။17သင်တို့/အား ငါ/အမှန်/ဆို၏။ သင်တို့/မြင်ရသော/အရာတို့/ကို ရှေးခေတ်/က ပရောဖက်များ/နှင့် ဖြောင့်မတ်သောသူတို့/သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့/ကြားရသော/အကြောင်းအရာတို့/ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။18မျိုးစေ့/ကြဲသူ/ပုံဥပမာ/၏ အနက်/အဓိပ္ပာယ်/ကို နားထောင်ကြလော့။19လမ်း/ပေါ်တွင် ကျသော/မျိုးစေ့/မှာ နိုင်ငံတော်/နှင့်/ဆိုင်သော တရားစကား/ကို ကြား/သော်လည်း နားမလည်သော/သူ/ကို ဆိုလို၏။ ထိုအခါ မာရ်နတ်/သည်/လာ/၍ ထို/သူ၏/စိတ်နှလုံး/တွင် ကြဲထားသော/မျိုးစေ့/ကို နုတ်ယူလေ၏။20ကျောက်ပေါသော/မြေ/တွင် ကျသော/မျိုးစေ့/မှာ တရားစကား/ကို/ကြား/သော် ဝမ်းမြောက်/စွာ ချက်ချင်း/ခံယူသော/သူ/ကို ဆိုလို၏။21သို့သော်လည်း ထို/တရားစကား/မှာ သူတို့/၏ စိတ်နှလုံး/တွင် အမြစ်/မစွဲ/သောကြောင့် ခဏ/သာ/ခံ၏။ ထို/တရားစကား/ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ/သောအခါ ချက်ချင်း/ပင် ဖောက်ပြန်တတ်၏။22ဆူးပင်/ကြား/တွင် ကျသော/မျိုးစေ့/မှာ တရားစကား/ကို/ကြား/သော်လည်း လောကီရေးရာ/ကို/စိုးရိမ်ခြင်း/နှင့် စည်းစိမ်/၏/ဖြားယောင်းခြင်းတို့/က ထို/တရားစကား/ကို လျင်မြန်/စွာ ပိတ်ဆို့ထား/သဖြင့် အသီး/မသီးနိုင်သော/သူ/ကို ဆိုလို၏။23ကောင်းသော/မြေ/၌ ကျသည့်/မျိုးစေ့/မှာ တရားစကား/ကို ကြား/၍ နားလည်/သဖြင့် အဆ/သုံးဆယ်၊ အဆ/ခြောက်ဆယ်/နှင့် အဆ/တစ်ရာ တိုးပွား/၍ အသီး/သီးသော/သူ/ကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။ဂျုံပင်/နှင့်/ပေါင်းပင်များ ပုံဥပမာ
24အခြား/ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူသည်/မှာ “ကောင်းကင်/နိုင်ငံတော်/၏ သဘောသဘာဝ/သည် ဤ/အဖြစ်အပျက်/နှင့် တူ၏။ လယ်သမား/တစ်ဦး/သည် ကောင်းသော/မျိုးစေ့/ကို လယ်/၌ ကြဲ၏။25သို့ရာတွင် လယ်လုပ်သားများ အိပ်ပျော်/နေစဉ် ရန်သူ/သည် လာ/၍ ပေါင်းမျိုးစေ့များ/ကို ဂျုံစေ့များ/ကြား/တွင် ကြဲ/ပြီးနောက် ထွက်ခွာသွား၏။26ဂျုံပင်များ/ကြီးထွားလာ/၍ ဂျုံနှံများ/ထွက်လာ/သောအခါ ပေါင်းပင်များ/သည်လည်း ကြီးထွားလာကြ၏။27ထိုအခါ လယ်လုပ်သားများ/သည် လယ်ရှင်/ထံသို့ သွားရောက်/၍ ‘သခင်… သခင်/သည် လယ်/တွင် ကောင်းသော/မျိုးစေ့/ကို ကြဲခဲ့သည်/မဟုတ်လော။ သို့ဖြစ်လျှင် ဤ/ပေါင်းပင်များ/သည် မည်သည့်/နေရာ/မှ ရောက်လာပါသနည်း’ ဟု လျှောက်ကြ၏။28လယ်ရှင်/က ‘ဤအရာ/သည် ရန်သူ/၏/လုပ်ရပ် ဖြစ်သည်’ ဟု ဆို၏။ ထိုအခါ လယ်လုပ်သားများ/က ‘အကျွန်ုပ်တို့/သွား/၍ ထို/ပေါင်းပင်များ/ကို နုတ်ယူ/ရမည်လော’ ဟု မေးမြန်းကြ၏။29သို့သော် လယ်ရှင်/က ‘မနုတ်ကြနှင့်။ ပေါင်းပင်များ/ကို သင်တို့ နုတ်/သောအခါ ဂျုံပင်များ/ကို/ရောနှော/၍ နုတ်မိ/လိမ့်မည်။30ရိတ်သိမ်းချိန်/တိုင်အောင် နှစ်မျိုးလုံး အတူတကွ/ကြီးထွားပါစေ။ ထို့နောက် ငါ/သည် ရိတ်သိမ်းသူတို့/အား ထို/ပေါင်းပင်များ/ကို နုတ်/၍ မီးရှို့/ရန် စည်းနှောင်/စေမည်။ ဂျုံစပါး/ကိုမူ ကျီ/ထဲသို့/သွင်း/စေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။မုန်ညင်းစေ့ ပုံဥပမာ
31အခြား/ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူသည်/မှာ “ကောင်းကင်/နိုင်ငံတော်/သည် စိုက်ခင်း/တွင် စိုက်ထားသော/မုန်ညင်းစေ့/နှင့် တူ၏။32မုန်ညင်းစေ့/သည် မျိုးစေ့/ရှိသမျှ/တွင် အသေးငယ်ဆုံး/ဖြစ်သော်လည်း ကြီးထွားလာ/သောအခါ အခြား/ဟင်းသီးဟင်းရွက်ပင်တို့/ထက်/ကြီးသော/အပင် ဖြစ်/သောကြောင့် ငှက်များ/သည် လာ/၍ အကိုင်းအခက်တို့/တွင် အသိုက်/ဆောက်ကြ၏” ဟူ၍ ဖြစ်၏။တဆေး ပုံဥပမာ
33အခြား/ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူသည်/မှာ “ကောင်းကင်/နိုင်ငံတော်/သည် အမျိုးသမီး/တစ်ဦး မုန့်/လုပ်/ရာတွင် သုံးသည့်/တဆေး/နှင့်/တူ၏။ ထို/အမျိုးသမီး/က ဂျုံမှုန့်/သုံးတင်း/ထဲသို့ တဆေး/အနည်းငယ်/ကိုသာ ထည့်/သော်လည်း ထို/တဆေး/သည် မုန့်/အားလုံး/ကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။34ထိုသို့ ယေရှု/သည် ပုံဥပမာများ/သုံး/၍ ဤ/အကြောင်းအရာများ/ကို လူထု/အား ဟောပြောတော်မူ၏။ ပုံဥပမာများ/မသုံးဘဲ ဟောတော်မမူပေ။35ဤသို့/ဟောတော်မူခြင်း/မှာ“ပုံဥပမာ/ဖြင့် ငါ/ဟောပြောမည်။ကမ္ဘာ /တည်ချိန်/ကတည်းက ကွယ်ဝှက်ထားသော/အရာ/ကို ဖော်ထုတ်/ပြောဆိုမည်” ဟု ပရောဖက်/မှတစ်ဆင့် မိန့်တော်မူသော/အရာ ဖြစ်လာ/စေရန်/ပင်။ဂျုံပင်/နှင့်/ပေါင်းပင်များ ပုံဥပမာ/ကို ရှင်းပြတော်မူခြင်း
36ထို့နောက် ယေရှု/သည် လူထု/ကို အပြင်/၌/ထားခဲ့/၍ အိမ်/ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့/က “လယ်/၌/ရှိသော ပေါင်းပင်များ/ပုံဥပမာ/ကို အကျွန်ုပ်တို့/အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။37ယေရှု/က “ကောင်းသော/မျိုးစေ့/ကို ကြဲသော/သူ/မှာ လူသား /ဖြစ်၏။38လယ်/မှာမူ ဤ/လောက/ဖြစ်၏။ ကောင်းသော မျိုးစေ့/မှာ ဘုရားသခင်/၏/နိုင်ငံတော်သားများ/ဖြစ်၏။ ပေါင်းပင်များ/မှာ မာရ်နတ်/၏ သားသမီးများ/ဖြစ်၏။39ဂျုံစေ့/ကြား/တွင် ပေါင်းမျိုးစေ့/ကို/ကြဲသော ရန်သူ/မှာ မာရ်နတ်/ဖြစ်၏။ ရိတ်သိမ်းချိန်/မှာ ကမ္ဘာ/ကုန်ဆုံးချိန်/ဖြစ်ပြီး ရိတ်သိမ်းသူများ/မှာ ကောင်းကင်တမန်များ/ဖြစ်၏။40ပေါင်းပင်များ/ကို/နုတ်/၍ မီးရှို့/သကဲ့သို့ ကမ္ဘာ/ကုန်ဆုံးချိန်/တွင်လည်း ထိုသို့/ဖြစ်/လိမ့်မည်။41လူသား/သည် မိမိ/၏/ကောင်းကင်တမန်များ/ကို စေလွှတ်/လိမ့်မည်။ ထို/ကောင်းကင်တမန်တို့/သည် အပြစ်/ကျူးလွန်စေသော/သူများ/နှင့် မတရားမှု/ပြုသူများ/အားလုံး/ကို နိုင်ငံတော်/မှ ဖယ်ရှား/ကာ42မီးဖို/ထဲသို့ ပစ်ချကြ/သဖြင့် ထို/သူတို့/သည် အံကြိတ်/၍ ငိုကြွေးရ/လိမ့်မည်။43ဖြောင့်မတ်သော/သူတို့/မှာမူ ခမည်းတော်/၏/နိုင်ငံတော်/တွင် နေ/ကဲ့သို့ တောက်ပ/လိမ့်မည်။ နား/ရှိသောသူ/သည် ကြား/၍ နားလည်ပါစေ။ဝှက်ထားသော/ဘဏ္ဍာ/နှင့်/ပုလဲ ပုံဥပမာ
44ကောင်းကင်/နိုင်ငံတော်/သည် လယ်/ထဲ၌ ဝှက်ထားသော/ဘဏ္ဍာ/နှင့်/တူ၏။ တစ်စုံတစ်ဦး/သည် ထို/ဘဏ္ဍာ/ကို တွေ့/သောအခါ တစ်ဖန်/ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်/စွာ သွား/လျက် မိမိ/၌/ရှိသော/အရာ/အားလုံး/ကို/ရောင်း/၍ ထို/လယ်/ကို/ဝယ်လေ၏။45တစ်ဖန် ကောင်းကင်/နိုင်ငံတော်/၏ သဘောသဘာဝ/သည် ဤ/အဖြစ်အပျက်/နှင့် တူ၏။ ကုန်သည်/တစ်ဦး/သည် အရည်အသွေး/ကောင်းသော/ပုလဲ/ကို ရှာဖွေနေ၏။46ထို/သူ/သည် အလွန်/အဖိုးတန်သော ပုလဲ/တစ်လုံး/ကို တွေ့/သောအခါ မိမိ/၌ ရှိသော/အရာ/အားလုံး/ကို ရောင်းချပြီး ထို/ပုလဲ/ကို ဝယ်လေ၏။ပိုက်ကွန် ပုံဥပမာ
47တစ်ဖန် ကောင်းကင်/နိုင်ငံတော်/သည် ပင်လယ်/ထဲသို့/ချ/၍ ငါး/မျိုးစုံ/ကို ဖမ်းမိသော/ပိုက်ကွန်/နှင့် တူ၏။48ထို/ပိုက်ကွန်/တွင် ငါးများ/ပြည့်/သောအခါ တံငါတို့/သည် ကမ်း/သို့ ဆွဲတင်ကြ၏။ ထို့နောက် ထိုင်/လျက် ကောင်းသော/ငါးများ/ကို ခြင်း/ထဲသို့/ရွေးထည့်/ကာ မကောင်းသော/ငါးများ/ကို အပြင်သို့/ပစ်လိုက်ကြ၏။49ကမ္ဘာ/ကုန်ဆုံးချိန်/တွင်လည်း ထိုသို့ပင် ဖြစ်/လိမ့်မည်။ ကောင်းကင်တမန်များ/သည် လာ/၍ ဆိုးသွမ်းသူတို့/ကို ဖြောင့်မတ်သူများ/ထံမှ ခွဲထားကြမည်။50ထို့နောက် ဆိုးသွမ်းသူများ/ကို မီးဖို/ထဲသို့ ပစ်ချကြ/သဖြင့် သူတို့/သည် အံကြိတ်/၍ ငိုကြွေးရ/လိမ့်မည်” ဟု မိန့်တော်မူ၏။51ကိုယ်တော်/က “ဤ/အရာ/အားလုံး/ကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူ/ရာ တပည့်တော်များ/က “နားလည်ပါသည်” ဟု လျှောက်ကြ၏။52ထိုအခါ ယေရှု/က “ကောင်းကင်/နိုင်ငံတော်/တွင် တပည့်/ဖြစ်လာသော ကျမ်းတတ်ဆရာ/သည် မိမိ/၏ ဘဏ္ဍာတိုက်/ထဲမှ ဥစ္စာသစ်/နှင့် ဥစ္စာဟောင်းတို့/ကို ထုတ်ယူလာသော အိမ်ရှင်/နှင့်/တူ၏” ဟု မိန့်တော်မူ၏။နာဇရက်မြို့/၌ ငြင်းပယ်ခံရတော်မူခြင်း
53ဤ ပုံဥပမာများ/ကို မိန့်တော်မူ/ပြီးနောက် ယေရှု/သည် ထို/ဒေသ/မှ ကြွတော်မူ၏။54ထို့နောက် မိမိ/နေရပ်မြို့/ဖြစ်သည့် နာဇရက်မြို့/သို့/ရောက်/သော် ဂျူးဝတ်ပြုဆောင်/တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့/က အံ့အားသင့်/လျက် “သူ/သည် ဤ/ပညာ/နှင့် အံ့ဖွယ်တန်ခိုးတို့/ကို အဘယ်က/ရသနည်း။55သူ/သည် လက်သမား/၏/သား မဟုတ်လော။ သူ/၏/မိခင်/သည် မာရိ/မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်/နှင့် ယုဒ/တို့/သည် သူ/၏/ညီများ/ဖြစ်ကြသည် မဟုတ်လော။56သူ/၏ နှမတို့/သည်လည်း ငါတို့/နှင့် တစ်ရပ်တည်းသားများ/ပင် မဟုတ်လော။ သို့ဖြစ်လျှင် ဤ/ပညာ/နှင့် အံ့ဖွယ်တန်ခိုးတို့/ကို သူ/သည် အဘယ်က/ရသနည်း” ဟု ဆို/ကာ57ကိုယ်တော်/အပေါ် ဘဝင်မကျ/ဖြစ်ကြ၏။ သို့သော် ယေရှု/က သူတို့/အား “ပရောဖက်/သည် မိမိ/နေရပ်မြို့၊ မိမိ/အိမ်/မှလွဲ၍ အခြားသော/အရပ်/တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။58မြို့သားတို့/မယုံကြည်/သောကြောင့် ယေရှု/သည်လည်း ထို/မြို့/တွင် အံ့ဖွယ်တန်ခိုး/များစွာ ပြတော်မမူပေ။Biblica, Inc.