မဿဲ1

ယေရှု/ခရစ်တော်/၏ ဆွေစဉ်မျိုးဆက်များ

1အာဗြဟံ/နှင့် ဒါဝိဒ်မင်း/တို့/ထံမှ ဆင်းသက်တော်မူသော ယေရှု/ခရစ်တော် /၏/ဆွေစဉ်မျိုးဆက်/စာရင်း/မှာ အောက်ပါအတိုင်း/ဖြစ်၏။
2အာဗြဟံ/၏/သား/သည် ဣဇာက်/ဖြစ်၏။ ဣဇာက်/သား ယာကုပ်/ဖြစ်၏။ ယာကုပ်/၏/သားများ/မှာ ယုဒ/နှင့် ညီအစ်ကိုများ/ဖြစ်ကြ၏။3ယုဒ/နှင့် ဇနီး/တာမာ/တို့/၏ သားများ/မှာ ဖာရက်/နှင့်/ဇာရ/တို့ ဖြစ်ကြ၏။ ဖာရက်/သား ဟေဇရုံ/ဖြစ်၏။ ဟေဇရုံ/သား အာရံ/ဖြစ်၏။4အာရံ/သား အမိနဒပ်/ဖြစ်၏။ အမိနဒပ်/သား နာရှုန်/ဖြစ်၏။ နာရှုန်/သား စာလမုန်/ဖြစ်၏။5စာလမုန်/နှင့် ဇနီး/ရာခပ်/တို့/၏/သား ဗောဇ/ဖြစ်၏။ ဗောဇ/နှင့် ဇနီး/ရုသ/တို့/၏/သား သြဗက်/ဖြစ်၏။ သြဗက်/သား ယေရှဲ/ဖြစ်၏။6ယေရှဲ/သား ဒါဝိဒ်မင်း/ဖြစ်၏။ ဒါဝိဒ်မင်း/နှင့် ဥရိယ/၏/ဇနီး ဗာသရှေဘ/တို့/၏/သား ရှောလမုန်/ဖြစ်၏။7ရှောလမုန်/သား ရောဗောင်/ဖြစ်၏။ ရောဗောင်/သား အဘိယ/ဖြစ်၏။ အဘိယ/သား အာသ/ဖြစ်၏။8အာသ/သား ယောရှဖတ်/ဖြစ်၏။ ယောရှဖတ်/သား ယဟောရံ/ဖြစ်၏။ ယဟောရံ/သား သြဇိ/ဖြစ်၏။9သြဇိ/သား ယောသံ/ဖြစ်၏။ ယောသံ/သား အာခတ်/ဖြစ်၏။ အာခတ်/သား ဟေဇကိ/ဖြစ်၏။10ဟေဇကိ/သား မနာရှေ/ဖြစ်၏။ မနာရှေ/သား အာမုန်/ဖြစ်၏။ အာမုန်/သား ယောရှိ/ဖြစ်၏။11ဘေဘီလုံပြည်/သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း/ခံရချိန်/၌ ယောရှိ/၏/သားများ/သည် ယေခေါနိ/နှင့် ညီများ/ဖြစ်ကြ၏။12ဘေဘီလုံမြို့/သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း/ခံရ/ပြီးနောက် ယေခေါနိ/သား/သည် ရှာလသေလ/ဖြစ်၏။ ရှာလသေလ/သား ဇေရုဗဗေလ/ဖြစ်၏။13ဇေရုဗဗေလ/သား အဗျုဒ်/ဖြစ်၏။ အဗျုဒ်/သား ဧလျာကိမ်/ဖြစ်၏။ ဧလျာကိမ်/သား အာဇော်/ဖြစ်၏။14အာဇော်/သား ဇာဒုတ်/ဖြစ်၏။ ဇာဒုတ်/သား အာခိမ်/ဖြစ်၏။ အာခိမ်/သား ဧလုဒ်/ဖြစ်၏။15ဧလုဒ်/သား ဧလာဇာ/ဖြစ်၏။ ဧလာဇာ/သား မဿန်/ဖြစ်၏။ မဿန်/သား ယာကုပ်/ဖြစ်၏။16ယာကုပ်/၏/သား/သည် မာရိ/၏/ခင်ပွန်း ယောသပ်/ဖြစ်၏။ မာရိ/သည် ခရစ်တော်/ဟု ခေါ်သော ယေရှု/၏ မယ်တော်/ဖြစ်၏။
17အထက်/တွင်/ဖော်ပြထားသော ဆွေစဉ်မျိုးဆက်များ/သည် အာဗြဟံ/မှ ဒါဝိဒ်မင်း/အထိ ဆယ့်လေးဆက်၊ ဒါဝိဒ်မင်း/မှ ဘေဘီလုံမြို့/သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း/ခံရချိန်/အထိ ဆယ့်လေးဆက်၊ ထို/အချိန်/မှ ခရစ်တော်/အချိန်/အထိ ဆယ့်လေးဆက်/ဖြစ်၏။

ယေရှု/ခရစ်တော် မွေးဖွားလာတော်မူခြင်း

18ယေရှု/ခရစ်တော် မွေးဖွားလာတော်မူပုံ/မှာ ဤသို့/ဖြစ်၏။ မယ်တော်/မာရိ/နှင့် ယောသပ်/တို့/သည် လက်ထပ်/ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်/ပေါင်းသင်းခြင်း/မပြုမီ မာရိ/သည် သန့်ရှင်းသော/ဝိညာဉ်တော်/၏/တန်ခိုး/အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။19ထိုအခါ ခင်ပွန်းလောင်း/ဖြစ်/သူ ယောသပ်/သည် သူတော်ကောင်း/ဖြစ်/၍ မာရိ/ကို အသရေ/မပျက်စေလို/သောကြောင့် စေ့စပ်ကြောင်းလမ်းခြင်း/ကို တိတ်တဆိတ်/ဖျက်သိမ်း/ရန် ဆုံးဖြတ်၏။
20ထိုသို့ တွေးတောဆင်ခြင်/နေစဉ် ထာဝရဘုရား/၏ ကောင်းကင်တမန်/တစ်ပါး/သည် ယောသပ်/ကို အိပ်မက်/တွင် ကိုယ်ထင်ပြ/၍ “ဒါဝိဒ်မင်း/၏/သား ယောသပ်… မာရိ/ကို သင်/၏/ဇနီးမယား/အဖြစ် လက်ထပ်ရမည့်/အမှု/အတွက် မတွန့်ဆုတ်နှင့်။ အဘယ်ကြောင့်ဆိုသော် သူ/၏ ကိုယ်ဝန်/သည် သန့်ရှင်းသော/ဝိညာဉ်တော်/၏ တန်ခိုး/ကြောင့် ဖြစ်၏။21သူ/သည် သားယောက်ျား/ကို မွေးဖွား/လိမ့်မည်။ ထို/သား/သည် မိမိ/လူမျိုးတို့/ကို သူတို့/၏ အပြစ်များ/မှ ကယ်တင်မည့်/သူ ဖြစ်/သောကြောင့် သူ့/ကို ယေရှု/ဟူ၍ မှည့်ခေါ်/ရမည်” ဟု ဆိုလေ၏။
22ဤ/အရာ/အားလုံး/သည် ပရောဖက်/မှတစ်ဆင့် ထာဝရဘုရား/မိန့်တော်မူခဲ့သော ဗျာဒိတ်တော်/အတိုင်း ဖြစ်လာ/ရန်/ပင် ဖြစ်၏။23ဗျာဒိတ်တော်/စကား/မှာ “အပျိုစင်/တစ်ဦး/သည် ကိုယ်ဝန်ဆောင်/၍ သား/ယောက်ျား/ကို မွေးဖွား/လိမ့်မည်။ ထို/သား/ကို ဧမာနွေလ/ဟု ခေါ်ဝေါ်ကြ/လိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ/၏ အနက်အဓိပ္ပာယ်/မှာ “ကျွန်ုပ်တို့/နှင့်အတူ/ရှိတော်မူသော/ဘုရားသခင်” ဟူ၍ ဖြစ်၏။
24ယောသပ်/သည် အိပ်ပျော်ရာ/မှ နိုး/သောအခါ ထာဝရဘုရား/၏ ကောင်းကင်တမန် မှာထားသည့်/အတိုင်း မာရိ/ကို လက်ထပ်လေ၏။25သို့သော်လည်း သား/မဖွားမီ/တိုင်အောင် မာရိ/နှင့် မဆက်ဆံဘဲ/နေ၏။ ထို/သား/၏ အမည်/ကို ယေရှု/ဟု မှည့်လေ၏။

Biblica, Inc.

https://app.library.bible/content/c2a589603854f059