လုကာ11

ဆုတောင်းခြင်း/အကြောင်း သွန်သင်တော်မူခြင်း

1တစ်ခါက ယေရှု/သည် တစ်နေရာ/တွင် ဆုတောင်း/လျက်/နေတော်မူ၏။ ဆုတောင်းတော်မူ/ပြီးနောက် တပည့်တော်များ/ထဲမှ တစ်ဦး/က “သခင်… ယောဟန်/သည် သူ/၏/တပည့်များ/ကို ဆုတောင်း/ရန် သင်ပေး/သကဲ့သို့ ကျွန်ုပ်တို့/ကို/လည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။
2ယေရှု/ကလည်း “သင်တို့/ဆုတောင်း/သောအခါ‘အို အဖ  … ကိုယ်တော်/၏/အမည်/နာမတော်/အား ရိုသေလေးမြတ်/ကြပါစေသော။နိုင်ငံတော်/တည်ထောင်ပါစေသော။3နေ့စဉ်/လိုအပ်သော/အစာ/ကို အကျွန်ုပ်တို့/အား ပေးသနားတော်မူပါ။4အကျွန်ုပ်တို့/အပေါ် ပြစ်မှားသော/သူတို့/ကို အကျွန်ုပ်တို့/သည် ခွင့်လွှတ်/သကဲ့သို့အကျွန်ုပ်တို့/၏/အပြစ်များ/ကိုလည်း ခွင့်လွှတ်တော်မူပါ။ဖြားယောင်း/သွေးဆောင်ရာ/သို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။
5ထို့နောက် ယေရှု/က “သင်တို့/ထဲမှ တစ်စုံတစ်ယောက်/တွင် မိတ်ဆွေ/တစ်ဦး/ရှိသည် ဆိုပါစို့။ ည/သန်းခေါင်/အချိန်/တွင် ထို/သူ/ထံသို့ သွား/၍ ‘အဆွေ…6ကျွန်ုပ်/၏ မိတ်ဆွေ/တစ်ဦး/သည် ခရီးသွားရာ/မှ ကျွန်ုပ်/ထံ ရောက်လာ/ပါ၏။ သူ့/အား ဧည့်ခံ/ရန် ဘာမျှ/မရှိ/သောကြောင့် ကျွန်ုပ်/ကို ပေါင်မုန့်/သုံးလုံး ချေးပေးပါ’ ဟု ဆိုသော်7ထို/သူ/က ‘ငါ့/ကို မနှောင့်ယှက်ပါနှင့်။ အိမ်/တံခါး/ကို ပိတ်ထားပြီ။ ငါ/၏/သားသမီးများ/နှင့် ငါ/သည်လည်း အိပ်ရာဝင်ကြပြီ။ ထို့ကြောင့် ငါ/ထ/၍ သင့်/အား မပေးနိုင်ပါ’ ဟူ၍ အိမ်/အထဲ/မှ ပြန်ဖြေ/လိမ့်မည်။8သင်တို့/အား ငါ/ပြောဆိုသည်/မှာ ထို/အိမ်ရှင်/သည် မိတ်ဆွေ/ဖြစ်သည်/ကို ထောက်/၍ အိပ်ရာ/မှ/ထ၍ ပေါင်မုန့်/ကို ပေး/လိမ့်မည်/မဟုတ်။ သို့သော်လည်း သူ/၏/မဆုတ်မနစ်/တောင်းနေခြင်း/ကြောင့် အိမ်ရှင်/သည် ထ/၍ သူ/လိုသမျှ/ကို ပေးလိမ့်မည်။
9ထို့ကြောင့် သင်တို့/အား ငါ/ပြောဆိုသည်/မှာ တောင်းကြလော့။ တောင်း/လျှင်/ရ/လိမ့်မည်။ ရှာကြလော့။ ရှာ/လျှင်/တွေ့/လိမ့်မည်။ တံခါး/ကို ခေါက်ကြလော့။ ခေါက်/လျှင် ဖွင့်ပေး/လိမ့်မည်။10တောင်းသော/သူတို့/သည် ရကြ၏။ ရှာသော/သူတို့/သည် တွေ့ကြ၏။ ခေါက်သော/သူတို့/အတွက်/လည်း တံခါး/ကို/ဖွင့်ပေး၏။
11သင်တို့/ထဲမှ ဖခင်/ဖြစ်သူ/သည် သူ/၏/သားသမီး/က ငါး/ကို/တောင်း/လျှင် ငါး/အစား မြွေ/ကို ပေးမည်လော။12သို့မဟုတ် ကြက်ဥ/ကို တောင်း/လျှင် ကင်းမြီးကောက်/ကို ပေးမည်လော။13သင်တို့/သည် ဆိုးသောသူ/ဖြစ်/လျက်/ပင် သင်တို့/၏/သားသမီးများ/အား ကောင်းသော/အရာ/ကို ပေးတတ်ကြ/လျှင် ကောင်းကင်ဘုံရှင် သင်တို့/၏/အဖ/သည် တောင်းသော/သူတို့/အား သန့်ရှင်းသော/ဝိညာဉ်တော်/ကို ပို၍ ပေးတော်မူ/လိမ့်မည်” ဟု မိန့်တော်မူ၏။

နတ်ဆိုးမင်း/ဗေလဇေဗုလ

14တစ်နေ့/တွင် ယေရှု/သည် လူတစ်ဦး/ထံမှ စကား/ဆွံ့အသော နတ်ဆိုး/ကို နှင်ထုတ်တော်မူ/သဖြင့် နတ်ဆိုး/ထွက်/သောအခါ ထို/သူ/သည် စကားပြောလေ၏။ လူထု/ပရိသတ်တို့/သည်လည်း အံ့သြကြ၏။15သို့သော် တချို့/က “သူ/သည် နတ်ဆိုးမင်း/ဗေလဇေဗုလ/ကို အမှီပြု/၍ နတ်ဆိုးတို့/ကို နှင်ထုတ်သည်” ဟု ဆိုကြ၏။16တချို့/က ယေရှု/ကို စမ်းသပ်လို/သဖြင့် ကောင်းကင်/မှ နိမိတ်/လက္ခဏာ/ကို ပြ/ရန် တောင်းဆိုကြ၏။
17ယေရှု/သည် ထို/သူတို့/၏/တွေးတော/ကြံစည်မှု/ကို ကောင်းစွာ သိတော်မူ/သဖြင့် “နိုင်ငံ/တစ်နိုင်ငံ/တွင် ပြည်တွင်းစစ်/ဖြစ်/လျှင် ထို/နိုင်ငံ/သည် ပျက်စီး/လိမ့်မည်။ ထို/နည်းတူ မိသားစု/တစ်စု/တွင် အချင်းချင်း စိတ်ဝမ်းကွဲ/လျှင် ပြိုကွဲ/လိမ့်မည်။18သင်တို့/ပြော/သကဲ့သို့ ငါ/သည် နတ်ဆိုးမင်း/ဗေလဇေဗုလ/ကို အမှီပြု/၍ နတ်ဆိုးတို့/ကို နှင်ထုတ်သည်/မှန်စေတော့။ စာတန်/သည် မိမိကိုယ်မိမိ/ဆန့်ကျင်/လျှင် သူ/၏/နိုင်ငံ/သည် မည်သို့/တည်မြဲ/လိမ့်မည်နည်း။19ယခု/တွင် ငါ/သည် နတ်ဆိုးတို့/ကို ဗေလဇေဗုလ/တန်ခိုး/ဖြင့် နှင်ထုတ်/လျှင် သင်တို့/၏/ပယောဂဆရာတို့ /သည် မည်သူ့/တန်ခိုး/ဖြင့် နှင်ထုတ်ကြသနည်း။ ထို/ပယောဂဆရာတို့/ကပင် သင်တို့/မှားကြောင်း ထောက်ပြကြ/လိမ့်မည်။20သို့ရာတွင် ငါ/သည် ဘုရားသခင်/၏/တန်ခိုးတော်/အားဖြင့် ထို/နတ်ဆိုးတို့/ကို နှင်ထုတ်သည်/မှန်လျှင် ဘုရားသခင်/၏/နိုင်ငံတော်/သည် သင်တို့/ထံသို့ ရောက်လေပြီ။21ခွန်အားကြီးသော/သူ/သည် လက်နက်စုံ/နှင့် မိမိ/အိမ်/ကို စောင့်ကြပ်/လျှင် သူ/၏/ပစ္စည်းဥစ္စာ/သည် လုံခြုံ/လိမ့်မည်။22သို့ရာတွင် သူ့/ထက်/ခွန်အားကြီးသော/သူ/သည် ဝင်ရောက်/တိုက်ခိုက်/၍ အနိုင်ရ/သောအခါ သူ/၏/အားကိုးရာ/လက်နက်တို့/ကို ထို/အနိုင်ရသူ/သည် သိမ်းယူ/လျက် ဥစ္စာတို့/ကိုလည်း ခွဲဝေ/လိမ့်မည်။
23ငါ့/ဘက်/၌ မနေသော/သူ/သည် ငါ့/ကို/ဆန့်ကျင်၏။ ငါ/နှင့်အတူ မစုစည်းသော/သူ/သည် ပြန့်ကျဲစေသောသူ/ဖြစ်၏။
24နတ်ဆိုး/သည် လူ/တစ်ဦး/အထဲမှ ထွက်ပြီး/လျှင် ရေမရှိ/ခြောက်သွေ့ရာ/အရပ်/သို့ လှည့်လည်/သွားလာ/သောအခါ ခိုနားစရာ/နေရာ/ရှာ/၍ မတွေ့/သဖြင့် ‘ငါ/သည် ယခင်/နေခဲ့သော/လူ/ထံသို့ ပြန်နေမည်’ ဟု ပြောလေ၏။25သူ/သည် ထို/လူ/ထံသို့ ပြန်သွား/သောအခါ လှည်းကျင်းထား/၍ စနစ်တကျ/ပြင်ဆင်ထားသည်/ကို တွေ့လေ၏။26ထိုအခါ နတ်ဆိုး/သည် မိမိ/ထက်/ဆိုးညစ်သော/နတ်ဆိုး/ခုနစ်ကောင်/တို့/ကို သွား/၍ ခေါ်ပြီး/လျှင် ထို/လူ/အထဲ/သို့ ဝင်/၍ နေလေ၏။ ထို/လူ/၏/အခြေအနေ/သည်လည်း ယခင်/ထက် ပို၍/ဆိုးသွမ်းလေ၏” ဟု မိန့်တော်မူ၏။
27ထိုသို့ ဤ/အကြောင်း/ကို ကိုယ်တော်/ဟောပြောတော်မူ/စဉ် ပရိသတ်/ထဲမှ အမျိုးသမီး/တစ်ဦး/သည် “ကိုယ်တော်/အား လွယ်သော/ဝမ်း/နှင့် တိုက်ကျွေးသော/သားမြတ်/သည် မင်္ဂလာ/ရှိပါ၏” ဟု ကျယ်လောင်သော/အသံ/နှင့် လျှောက်လေ၏။
28ယေရှု/ကလည်း “ဘုရားသခင်/၏/နှုတ်ကပတ်/တရားတော်/ကို ကြား/၍ လိုက်နာသောသူ/သည် ပို၍ မင်္ဂလာ/ရှိ၏” ဟု မိန့်တော်မူ၏။

ယောန/၏/နိမိတ်/လက္ခဏာ

29လူထု/ပရိသတ်များ ပို/၍/များပြားလာ/သောအခါ ယေရှု/က “ဤ/မျိုးဆက်/သည် ဆိုးညစ်သော/မျိုးဆက်/ဖြစ်၏။ သူတို့/သည် နိမိတ်/လက္ခဏာ/ကို တောင်းတတ်၏။ သို့သော် ငါ/သည် ပရောဖက်/ယောန/၏/နိမိတ်/လက္ခဏာ/မှလွဲ၍ မည်သည့်/နိမိတ်/လက္ခဏာ/ကိုမျှ ပြမည်/မဟုတ်။30ယောန/သည် နိနဝေမြို့သား/တို့/အတွက် နိမိတ်/လက္ခဏာ/ဖြစ်/သကဲ့သို့ လူသား /သည်လည်း ဤ/မျိုးဆက်တို့/အတွက် နိမိတ်/လက္ခဏာ/ဖြစ်/လိမ့်မည်။
31တရားစီရင်တော်မူသော/နေ့/တွင် တောင်ပိုင်း/မိဖုရား/သည် ဤ/မျိုးဆက်/အား ထ/၍ အပြစ်တင်/လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို/မိဖုရား/သည် ရှောလမုန်မင်းကြီး/၏/ပညာစကား/ကို နားထောင်/ရန် ဝေးလံသော/အရပ်/မှ ရောက်လာ/သောကြောင့်/ဖြစ်၏။ ကြည့်ရှုကြလော့။ ရှောလမုန်/မင်းကြီး/ထက် ကြီးမြတ်သော/သူ/သည် ဤ/အရပ်/၌ ရှိ၏။32တရားစီရင်တော်မူသော/နေ့/တွင် နိနဝေမြို့သားတို့/သည် ထ/၍ ဤ/မျိုးဆက်/ကို အပြစ်တင်/လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို/မြို့သားတို့/သည် ယောန/၏/ဟောပြောခြင်း/အားဖြင့် သူတို့/၏/အပြစ်များ/မှ နောင်တရခဲ့ကြ/သောကြောင့်/ဖြစ်၏။ ကြည့်ရှုလော့။ ယောန/ထက်/ကြီးမြတ်/သူ/သည် ဤ/အရပ်/၌ ရှိ၏။

အလင်းတော်/အား ခံယူခြင်း

33မည်သူ/မျှ ဆီမီးခွက်/ကို ထွန်း/၍ မြေအောက်ခန်း/၌/ဖြစ်စေ၊ တောင်း/အောက်၌/ဖြစ်စေ ဝှက်ထားလေ့/မရှိ။ အခန်း/သို့ ဝင်လာသော/သူတို့/အလင်းရောင်/ရ/စေရန် ဆီမီးတိုင်/ပေါ်တွင် တင်ထားလေ့/ရှိ၏။
34မျက်စိ/သည် ကိုယ်ခန္ဓာ/၏/မီးအိမ် ဖြစ်၏။ ထို့ကြောင့် သင်/၏/မျက်စိ ကောင်းမွန်/လျှင် သင်/၏/ကိုယ်ခန္ဓာ/တစ်ခုလုံး လင်း/လိမ့်မည်။ သို့ရာတွင် သင်/၏/မျက်စိ/သည် မကောင်း/သောအခါ သင်/၏/ကိုယ်ခန္ဓာ/တစ်ခုလုံး မှောင်မိုက်နေ/လိမ့်မည်။35ထို့ကြောင့် သင်တို့/၌/ရှိသော/အလင်း/သည် အမှောင်/မဖြစ်/စေရန် သတိပြုကြလော့။36အကယ်၍ သင်/၏/ကိုယ်ခန္ဓာ/တစ်ခုလုံး/တွင် မည်သည့်/အစိတ်အပိုင်း/မျှ မှောင်ရိပ်/မရှိဘဲ တောက်ပနေ/လျှင် မီးအိမ်/၏/အလင်းရောင်/သည် သင်တို့/အပေါ်/၌ ထွန်းလင်း/သကဲ့သို့ သင်တို့/ကိုယ်ခန္ဓာ/သည်လည်း ထွန်းလင်း/လိမ့်မည်” ဟု မိန့်တော်မူ၏။

ဘာသာရေး/ခေါင်းဆောင်များ/ကို ပြစ်တင်ရှုတ်ချတော်မူခြင်း

37ထိုသို့/ဟောပြောတော်မူ/စဉ် ဖာရိရှဲ /တစ်ဦး/သည် ကိုယ်တော်/အား ညစာ/သုံးဆောင်/ရန် ဖိတ်ခေါ်/သဖြင့် ကိုယ်တော်/သည် ထို/သူ/၏/အိမ်/သို့ ကြွ/တော်မူ/၍ ညစာ/စားပွဲ/၌ ထိုင်တော်မူ၏။ 38သို့သော် အစာ/မသုံးဆောင်/မီ ကိုယ်တော်/သည် ဂျူးဓလေ့ထုံးတမ်း/အရ လိုက်နာရသော/လက်ဆေးခြင်း/အစဉ်အလာ ပြုတော်မမူသည်/ကို ထို/ဖာရိရှဲ/သည် မြင်/၍ အံ့သြလေ၏။39ထိုအခါ ယေရှု/က “ဖာရိရှဲတို့… သင်တို့/သည် ခွက်/နှင့်/ပန်းကန်/၏/အပြင်ဘက်/ကို ဆေးကြောကြ/သော်လည်း အတွင်း/၌/မူ လောဘကြီးခြင်း၊ ဆိုးယုတ်ခြင်း/နှင့် ပြည့်ကြ၏။40လူမိုက်တို့… အပြင်ပန်း/သဏ္ဌာန်/ကို ဖန်ဆင်းတော်မူသော/ဘုရား/သည် အတွင်း/သဏ္ဌာန်/ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။41ထို့ကြောင့် အတွင်း/၌ ရှိသော/အရာများ/ကို ဆင်းရဲနွမ်းပါးသူ/အား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံး/သည် သင်တို့/အတွက် စင်ကြယ်/လိမ့်မည်။
42ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ပင်စိမ်းရွက်၊ စမုန်စပါး/နှင့် ဟင်းခတ်ရွက်တို့/ကို ဆယ်ပုံတစ်ပုံ/လှူဒါန်းကြ/သော်လည်း တရားမျှတခြင်း/နှင့် ဘုရားသခင်/ကို/ချစ်ခြင်း စသည့်/အမှုတို့/ကို လျစ်လျူရှုကြ/သောကြောင့်/ဖြစ်၏။ ဆယ်ပုံတစ်ပုံ/ကို လှူဒါန်းကြရမည်/မှန်/သော်လည်း ထို/ထက်/အရေးကြီးသော အချက်တို့/ကို လျစ်လျူမရှုသင့်ပေ။
43ဖာရိရှဲတို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ဝတ်ပြုဆောင်များ/၌ အထူး/နေရာ/တွင် ထိုင်/လိုကြပြီး ဈေးအရပ်တို့/၌လည်း လူတို့/၏ ရိုသေ/စွာ/နှုတ်ဆက်ခြင်း/ကို ခံလိုကြ/သောကြောင့်/ဖြစ်၏။44သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ သင်တို့/သည် အမှတ်အသား/မရှိသည့် သင်္ချိုင်း/နှင့် တူကြ၏။ ၎င်း/အပေါ်/တွင် လူတို့/သည် သတိမပြုမိဘဲ လျှောက်သွားတတ်/ကြ၏” ဟု မိန့်တော်မူ၏။
45ကျမ်းတတ်/ပညာရှင်/တစ်ဦး/က “ဆရာတော်… ဤ/အရာများ/ကို ဆရာ/ဟောပြော/သောအခါ ကျွန်ုပ်တို့/ကိုပင် စော်ကားရာ/ရောက်ပါ၏” ဟု လျှောက်လေ၏။
46ယေရှု/က “ကျမ်းတတ်/ပညာရှင်/တို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ထမ်းရခက်သော/ဝန်ထုပ်များ/ကို လူတို့/အား ထမ်းစေကြ/သော်လည်း ကိုယ်တိုင်/ကမူ ထို/အရာတို့/ကို လက်ဖျား/နှင့်မျှ မတို့ကြ/သောကြောင့်/ဖြစ်၏။47သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/သည် သင်တို့/ဘိုးဘေးများ/သတ်ခဲ့သော ပရောဖက်တို့/အတွက် သင်္ချိုင်းဂူများ/ကို ဆောက်လုပ်ပေးကြ/သောကြောင့်/ဖြစ်၏။48သို့ဖြစ်၍ သင်တို့/သည် သင်တို့/၏/ဘိုးဘေးများ/ပြုသော/အမှုများ/ကို သဘောတူ/ထောက်ခံ/၍ ထို/အမှုတို့/၏/သက်သေများ/လည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထို/ဘိုးဘေးများ/သည် ပရောဖက်များ/ကို သတ်/၍ သင်တို့/က အုတ်ဂူများ/တည်ကြ/သောကြောင့်/ဖြစ်၏။49သို့ဖြစ်၍ ဉာဏ်ပညာတော်/နှင့် ပြည့်စုံသော/ဘုရားသခင် ဟောတော်မူသည်/မှာ ‘ငါ/သည် ပရောဖက်များ/နှင့် တမန်တော်များ/ကို သူတို့/ထံသို့ စေလွှတ်မည်။ သို့သော် သူတို့/သည် တချို့/ကို သတ်/၍ တချို့/ကို ညှဉ်းဆဲကြ/လိမ့်မည်’ ဟူ၍ ဖြစ်၏။
50အာဗေလ/၏/သွေး/မှစ၍ ယဇ်ပလ္လင်/နှင့် ဗိမာန်တော်/ကြား/၌ အသတ်ခံခဲ့ရသည့် ဇာခရိ/၏/သွေး/တိုင်အောင် ကမ္ဘာ/တည်ချိန်/မှစ/၍ ပရောဖက်/ရှိသမျှတို့ ပေးဆပ်ခဲ့ရသော/သွေးကြွေး/ကို ဤ/မျိုးဆက်တို့/သည် ပေးဆပ်ရ/လိမ့်မည်။ မှန်ပါ၏။ ဤ/မျိုးဆက်တို့/သည် ထို/သွေးကြွေး/ကို ပြန်လည်/ပေးဆပ်ရ/လိမ့်မည်/ဟု ငါ/ပြောဆို၏။
52ကျမ်းတတ်/ပညာရှင်တို့… သင်တို့/သည် အမင်္ဂလာ/ရှိကြ၏။ သင်တို့/သည် အသိပညာ/ဖွင့်သော/သော့/ကို ယူထား/၍ ကိုယ်တိုင်/မဝင်သည့်/အပြင် ဝင်လိုသော/သူများ/ကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။
53ယေရှု/သည် အပြင်/သို့ ထွက်တော်မူ/စဉ် ကျမ်းတတ်ဆရာများ/နှင့် ဖာရိရှဲတို့/သည် ယေရှု/ကို အလွန်/ရန်လိုမုန်းတီး/သဖြင့် အကြောင်းအရာ/များစွာ/နှင့်/ပတ်သက်/၍ စစ်ဆေးမေးမြန်းခြင်းများ ပြုလာကြ၏။54ကိုယ်တော်/၏/ဟောပြောတော်မူချက်များ/တွင်လည်း အမှား/တစ်စုံတစ်ခု/ကို ရှာ/လျက်/နေကြ၏။

Biblica, Inc.

https://app.library.bible/content/c2a589603854f059