တမန်တော်6

အစေခံခြင်း/အတွက် အမျိုးသား/ခုနစ်ယောက်/ကို ရွေးချယ်ခြင်း

1ထို/နေ့ရက်များ/၌ ယုံကြည်သူများ/အရေအတွက်/တိုးလာ၏။ ထိုအခါ ဂရိစကား/ပြောသော/ဂျူးတို့/က မိမိတို့/၏/မုဆိုးမများ/သည် နေ့စဉ်/ဝေသော/အစားအစာများ/ကို မရကြောင်း ဟေဗြဲ/စကားပြောသော/ဂျူးတို့/အား အပြစ်တင်ကြ၏။
2ထို့ကြောင့် တမန်တော်/ဆယ့်နှစ်ပါးတို့/သည် တပည့်တော်များ/အားလုံး/ကို ခေါ်ပြီး/လျှင် “ကျွန်ုပ်တို့/သည် ဘုရားသခင်/၏/နှုတ်ကပတ်/တရားတော်/သွန်သင်ခြင်းအမှု/ကို လျစ်လျူရှု/၍ ကျွေးမွေးခြင်းအမှု/ကို မဆောင်ရွက်သင့်။3သို့ဖြစ်၍ ညီအစ်ကို/မောင်နှမတို့… ဝိညာဉ်တော်/နှင့်/လည်းကောင်း၊ ဉာဏ်ပညာ/နှင့်/လည်းကောင်း ပြည့်စုံ/၍ ဂုဏ်သတင်း/ကောင်းမွန်သော လူ/ခုနစ်ယောက်/ကို သင်တို့/အထဲ/က ရွေးချယ်ကြလော့။ ဤ/ကိစ္စ/ကို စီမံခန့်ခွဲ/နိုင်ရန် ကျွန်ုပ်တို့/သည် ထို/သူတို့/အား ခန့်အပ်ထားကြမည်။4ကျွန်ုပ်တို့/သည် ဆုတောင်းခြင်း/နှင့် နှုတ်ကပတ်/တရားတော်/ဟောပြောခြင်း/အမှုတို့/ကို အစဉ်တစိုက်/ပြုကြမည်” ဟု ပြောလေ၏။
5တမန်တော်တို့/ပြောသော/အရာများ/ကို ယုံကြည်သူများ/အားလုံး/သည် နှစ်သက်ကြ/လျက် ယုံကြည်ခြင်း/နှင့်/လည်းကောင်း၊ သန့်ရှင်းသော/ဝိညာဉ်တော်/နှင့်/လည်းကောင်း ပြည့်စုံသော/သတေဖန်/နှင့်တကွ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန/နှင့် ဂျူးဘာသာဝင်/ဖြစ်လာသူ အန္တိအုတ်မြို့သား/နိကောလ/တို့/ကို ရွေးချယ်ကြ၏။6ထို/သူတို့/ကို တမန်တော်များ/ရှေ့/တွင် ရပ်စေကြ၏၊ တမန်တော်တို့/သည်လည်း ဆုတောင်းပေး/ကာ ထို/သူတို့/အပေါ် လက်တင်ကြ၏။
7ဘုရားသခင်/၏/နှုတ်ကပတ်/တရားတော်/သည် ဆက်လက်/ပြန့်ပွား/သဖြင့် တပည့်တော်တို့/၏/အရေအတွက်/သည် ဂျေရုဆလင်မြို့/၌ အလွန်/တိုးပွား/၍ ယဇ်ပုရောဟိတ်/အများအပြား/သည်လည်း ယုံကြည်သက်ဝင်ကြ၏။

သတေဖန် ဖမ်းဆီးခံရခြင်း

8သတေဖန်/သည် ကျေးဇူးတော်/နှင့်လည်းကောင်း၊ တန်ခိုးတော်/နှင့်လည်းကောင်း ပြည့်ဝ/လျက် ကြီးမားသော/အံ့ဖွယ်/ဖြစ်ရပ်များ/နှင့် နိမိတ်/လက္ခဏာများ/ကို လူများ/ရှေ့/တွင် ပြု၏။9ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်/မှ လူ/တချို့/သည် သတေဖန်/နှင့်/ငြင်းခုံပြောဆိုကြ၏။ ထို/သူတို့/မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများ/မှစ၍ ဆီလီဆီးယားပြည်/နှင့် အာရှပြည်/တို့/မှ လာသော/သူများ/ဖြစ်ကြ၏။10သို့ရာတွင် ဘုရားသခင်/၏/ဉာဏ်ပညာတော်/နှင့် ဝိညာဉ်တော်/အားဖြင့် ဟောပြောသော/သတေဖန်/ကို သူတို့/သည် မချေပနိုင်ကြ။
11ထိုအခါ “ဤ/သူ/သည် မောရှေ/နှင့်/ဘုရားသခင်/ကို စော်ကား/ပြောဆိုကြောင်း ကျွန်ုပ်တို့ ကြားပါပြီ” ဟူ၍ လိမ်လည်ပြောဆိုမည့်သူ/တချို့/ကို ခေါ်ဆောင်ခဲ့ကြ၏။12သူတို့/သည် လူများ/ကို/လည်းကောင်း၊ အကြီးအကဲများ/နှင့် ကျမ်းတတ်ဆရာများ/ကို/လည်းကောင်း သွေးထိုးကြ/ပြီးနောက် သတေဖန်/အား ဖမ်းဆီး/၍ တရားလွှတ်တော်/သို့ ခေါ်ဆောင်သွားကြ၏။
13သူတို့/သည် မမှန်သော/သက်သေခံများ/ကို ခေါ်/၍ “ဤ/လူ/သည် သန့်ရှင်းသော/အရပ်/နှင့် ပညတ်ကျမ်း/အပေါ် ဆန့်ကျင်သည့်/စကား/ကို မရပ်မနား ပြောဆိုနေ၏။14ကျွန်ုပ်တို့/သည် ထို/သူ/ထံမှ ကြားရသည့်/အရာ/မှာ ‘နာဇရက်မြို့သား/ယေရှု/သည် ဤ/နေရာ/အရပ်/ကို ဖြိုဖျက်/ပြီး မောရှေ/သည် ကျွန်ုပ်တို့/အား ပေးခဲ့သော/ဓလေ့ထုံးတမ်းများ/ကို ပြောင်းလဲစေပါ/လိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု သက်သေခံစေကြ၏။
15ထိုသို့ တရားလွှတ်တော်/၌ ထိုင်သော/သူ/ရှိသမျှတို့/သည် သတေဖန်/ကို စိုက်ကြည့်လေ/သော် သူ/၏/မျက်နှာ/သည် ကောင်းကင်တမန်/မျက်နှာ/ကဲ့သို့/ဖြစ်သည်/ကို မြင်တွေ့ကြ၏။

Biblica, Inc.

https://app.library.bible/content/c2a589603854f059