၂ ကောရိန္သု6

1ဘုရားသခင်/၏ လုပ်ဖော်ကိုင်ဖက်များ/အနေဖြင့် သင်တို့/အား ကျွန်ုပ်တို့/တိုက်တွန်း/နှိုးဆော်လိုသည်/မှာ “သင်တို့/သည် ဘုရားသခင်/၏ ကျေးဇူးတော်/ကို ခံစားရရှိသူများ/ဖြစ်ကြသည်/နှင့်အညီ ထို/ကျေးဇူးတော်/ကို အချည်းနှီး/မဖြစ်စေကြနှင့်” ဟူ၍/ဖြစ်၏။2အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/က“ငါ/သည် ကျေးဇူးပြု/ရန် သင့်လျော်သော/အချိန်/၌ သင့်/စကား/ကို နားထောင်ခဲ့ပြီ။ကယ်တင်သော/နေ့ရက်/၌ သင့်/ကို ကူညီမစခဲ့ပြီ”ဟု မိန့်တော်မူခဲ့၏။ ယခု/အချိန်/သည် ကိုယ်တော်/၏/ကျေးဇူးပြုတော်မူခြင်း/ကို ခံစားရမည့်/အချိန်/ပင် ဖြစ်၏။ ယခု/အချိန်/သည် ကယ်တင်တော်မူရာ/နေ့ရက်/ပင် ဖြစ်၏။

ပေါလု/၏ ဆင်းရဲ/ဒုက္ခများ

3အမှုတော်/လုပ်ငန်း/တွင် အပြစ်တင်စရာ/အကြောင်း တစ်စုံတစ်ခု/မျှ မရှိ/စေရန် ကျွန်ုပ်တို့/သည် သူတစ်ပါး/ရှေ့/၌ ထိမိ/၍ လဲစရာ/မဖြစ်စေကြ။4ထိုသို့/ဖြစ်စေမည့်/အစား ကျွန်ုပ်တို့/သည် ဆင်းရဲ/ဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများ/ကို အလွန်/သည်းခံ/လျက် ဘုရားသခင်/၏ အစေခံများ/ဖြစ်ကြောင်း/ကိုသာ ပေါ်လွင်စေကြ၏။5ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်/ပြုလုပ်ခံရခြင်း၊ အလုပ်/ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာ/ပြတ်လပ်ခြင်း/တို့/ကို သည်းခံကြ၏။6ဖြူစင်ခြင်း၊ အသိပညာ/ရှိခြင်း၊ စိတ်ရှည်ခြင်း/နှင့် ကျေးဇူးပြုခြင်းတို့/ဖြင့်/လည်းကောင်း၊ သန့်ရှင်းသော/ဝိညာဉ်တော်/ကို နာခံခြင်း၊ စစ်မှန်သော/ချစ်ခြင်းမေတ္တာ/ရှိခြင်း၊7သမ္မာတရား/ကို ဟောပြောခြင်း၊ ဘုရားသခင်/၏ တန်ခိုးတော်/ကို ပြခြင်းတို့/ဖြင့်/လည်းကောင်း၊ လက်ဝဲ လက်ယာ/၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်း/လက်နက်များ/အားဖြင့်/လည်းကောင်း၊8ချီးမွမ်းခံရခြင်း/နှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်း/ပြောခံရခြင်း/နှင့် မကောင်း/ပြောခံရခြင်း/အားဖြင့်/လည်းကောင်း အရာရာတို့/၌ ဘုရားသခင်/၏ အစေခံများ/ဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့/သည် လှည့်ဖြားသူများ/အဖြစ် သတ်မှတ်ခံရ/သော်လည်း ဖြောင့်မှန်သောသူများ/ဖြစ်ကြ၏။9တချို့/သည် ကျွန်ုပ်တို့/ကို တမန်တော်/အဖြစ် အသိအမှတ်/မပြုကြ/သော်လည်း ကျွန်ုပ်တို့/သည် ထင်ပေါ်/ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူ/ကဲ့သို့/ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်/ခံရသူများ/ကဲ့သို့/ဖြစ်သော်လည်း အသတ်/မခံရကြ။10ဝမ်းနည်းသောသူများ/ကဲ့သို့/ဖြစ်သော်လည်း အစဉ်အမြဲ/ဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူ/ကဲ့သို့/ဖြစ်/သော်လည်း လူအမြောက်အမြား/ကို ချမ်းသာ/စေကြ၏။ မည်သည့်/အရာ/မျှ မရှိသောသူ/ကဲ့သို့ ဖြစ်သော်လည်း အရာ/အားလုံး/ကို ပိုင်ဆိုင်ကြ၏။
11ကောရိန္သုမြို့သားတို့… ကျွန်ုပ်တို့/သည် သင်တို့/အား ပွင့်လင်း/စွာ ပြောဆို/၍ သင်တို့/အပေါ်/ထားသော ကျွန်ုပ်တို့/၏/မေတ္တာ/မှာလည်း ကြီးမားလှ၏။12ကျွန်ုပ်တို့/သည် သင်တို့/အပေါ်/ထားသော မေတ္တာတရား/ကို ကန့်သတ်/ပိတ်ပင်ထားသည်/မဟုတ်။ သင်တို့/ကသာ ကျွန်ုပ်တို့/အပေါ် ထားရမည့်/မေတ္တာတရား/ကို ကန့်သတ်/ပိတ်ပင်ထားခြင်း/ဖြစ်၏။13သို့ဖြစ်၍ ပြန်လည်/တုံ့ပြန်သော/အနေဖြင့် “ကျွန်ုပ်တို့/အပေါ်/ထားသော သင်တို့/၏/မေတ္တာ/ကိုလည်း ကြီးမားစေကြလော့” ဟု မိမိ/သားသမီးများ/ကို ပြော/သကဲ့သို့ ကျွန်ုပ်/ပြောလို၏။

အသက်ရှင်တော်မူသော/ဘုရားသခင်/၏ ဗိမာန်တော်

14မယုံကြည်သောသူတို့/နှင့် တွဲဖက်/၍ မလုပ်ဆောင်ကြနှင့်။ ဖြောင့်မတ်သောသူ/နှင့် တရားမဲ့သောသူ/သည် မည်သို့ တွဲဖက်/၍ လုပ်ဆောင်နိုင်မည်နည်း။ အလင်း/နှင့် အမှောင်/သည် မည်သို့ ဆက်စပ်/ယှဉ်တွဲ/၍ နေနိုင်မည်နည်း။15ခရစ်တော်/နှင့် နတ်ဆိုး/ဖြစ်သော ဗေလျာလ /အကြား မည်သို့ သဘောတူညီမှု/ရှိ/နိုင်မည်နည်း။ ယုံကြည်သူ/နှင့် မယုံကြည်သူ/အကြား မည်သို့ အကျိုးတူ/ခံစား/နိုင်မည်နည်း။16ဘုရားသခင်/၏ ဗိမာန်တော်/သည် ရုပ်တုတို့/နှင့် မည်သို့ ပတ်သက်/စပ်လျဉ်းမှု/ရှိ/မည်နည်း။ ဘုရားသခင်/က“ငါ/သည် သူတို့/နှင့်အတူ နေထိုင်/၍သူတို့/ထဲတွင် သွားလာမည်။ငါ/သည် သူတို့/၏ ဘုရားသခင်/ဖြစ်/၍သူတို့/သည်လည်း ငါ/၏ လူမျိုး/ဖြစ်ကြ/လိမ့်မည်”ဟု မိန့်တော်မူသည့်/အတိုင်း ကျွန်ုပ်တို့/သည် အသက်ရှင်တော်မူသော/ဘုရားသခင်/၏ ဗိမာန်/ဖြစ်ကြ၏။17ထို့ကြောင့်“သူတို့/အထဲမှ ထွက်/၍သီးခြား/နေကြလော့။မစင်ကြယ်သော/အရာ/ကို မထိကြနှင့်။သို့ပြုလျှင် ငါ/သည် သင်တို့/ကို လက်ခံမည်။18ငါ/သည် သင်တို့/၏ အဖ/ဖြစ်မည်။သင်တို့/သည် ငါ/၏ သားသမီးများ/ဖြစ်ကြ/လိမ့်မည်” ဟု အနန္တ/တန်ခိုးရှင် ထာဝရဘုရား/မိန့်တော်မူ၏။

Biblica, Inc.

https://app.library.bible/content/c2a589603854f059