မဿဲ1tvn_twf
ယေရှုခရစ်တော်ရဲ့ ဘိုးဘေးလေကြောန်း
1အာဗြဟံန ဒါဝိဒ်လေဟှနေဘီးဟှာ မွီးဖွားဆင်းသတ်လာဟှူ ယေရှုခရစ်တော်ရဲ့ ဆွေဇင်မျိုးဆစ်စာရင်းမာ အယ်မျိုးဖြစ်လေဟှယ်။2အာဗြဟံဟှာ ဣဇာက်ရဲ့ဖ ဖြစ်ဟှယ်။ ဣဇာက်ဟှာ ယာကုပ်ရဲ့ဖ၊ ယာကုပ်ဟှာ ယုဒန သူ့ညီကိုလေရဲ့ဖ၊3ယုဒဟှာ တာမာနရဟှူ သားလေဖြစ်ဟှူ ဖာရက်န ဇာရရဲ့ဖ၊ ဖာရက်ဟှာ ဟေဇရုံရဲ့ဖ၊ ဟေဇရုံဟှာ အာရံရဲ့ဖ၊4အာရံဟှာ အမိနဒပ်ရဲ့ဖ၊ အမိနဒပ်ဟှာ နာရှုန်ရဲ့ဖ၊ နာရှုန်ဟှာ စာလမုန်ရဲ့ဖ၊5စာလမုန်ဟှာ ရာခပ်နရဟှူ ဗောဇရဲ့ဖ၊ ဗောဇဟှာ ရုသနရဟှူ သြဗက်ရဲ့ဖ၊ ဩဗက်ဟှာ ယေရှဲရဲ့ဖ၊6ယေရှဲဟှာ ဒါဝိဒ်မန်းဂီးရဲ့ဖ။ဒါဝိဒ်မန်းဂီးဟှာ ဥရိယရဲ့မယားဖြစ်ဖူးဟှူ မီးမနရဟှူသား ရှောလမုန်ရဲ့ဖ ဖြစ်လေဟှယ်။7ရှောလမုန်ဟှာ ရောဗောင်ရဲ့ဖ၊ ရောဗောင်ဟှာ အဘိယရဲ့ဖ၊ အဘိယဟှာ အာသရဲ့ဖ၊8အာသဟှာ ယောရှဖက်ရဲ့ဖ၊ ယောရှဖက်ဟှာ ယဟောရံရဲ့ဖ၊ ယဟောရံဟှာ ဩဇိရဲ့ဖ၊9ဩဇိဟှာ ယောသံရဲ့ဖ၊ ယောသံဟှာ အာခတ်ရဲ့ဖ၊ အာခတ်ဟှာ ဟေဇကိရဲ့ဖ၊10ဟေဇကိဟှာ မနာရှေရဲ့ဖ၊ မနာရှေဟှာ အာမုန်ရဲ့ဖ၊ အာမုန်ဟှာ ယောရှိရဲ့ဖ၊11ဗာဗုလုန်ဗြို့ဟှို ဣသရေလလူမျိုးလေ ဖမ်းဆောန်ခံရဟှူ ခီမာ ယောရှိရဲ့သားလေဟှ ယေခေါနိန ညီကိုလေဖြစ်လေဟှယ်။12ဗာဗုလုန်ဗြို့ဟှို ဣသရေလလူမျိုးလေ ဖမ်းဆောန်ခံရဘီးန၊ ယေခေါနိဟှာ ရှာလသေလရဲ့ဖ ဖြစ်ဟှယ်။ ရှာလသေလဟှာ ဇေရုဗဗေလရဲ့ဖ၊13ဇေရုဗဗေလဟှာ အာဗျုန်ရဲ့ဖ၊ အာဗျုန်ဟှာ ဧလျာကိမ်ရဲ့ဖ၊ ဧလျာကိမ်ဟှာ အာဇော်ရဲ့ဖ၊14အာဇော်ဟှာ ဇာဒုတ်ရဲ့ဖ၊ ဇာဒုတ်ဟှာ အာခိမ်ရဲ့ဖ၊ အာခိမ်ဟှာ ဧလုဒ်ရဲ့ဖ၊15ဧလုဒ်ဟှာ ဧလာဇာရဲ့ဖ၊ ဧလာဇာဟှာ မဿန်ရဲ့ဖ၊ မဿန်ဟှာ ယာကုပ်ရဲ့ဖ၊16ယာကုပ်ရဲ့သားဟှာ မာရိရဲ့လန် ယောသပ် ဖြစ်လေဟှယ်။ အယ်မူမာရိဟှာ ခရစ်တော်ဆိုဘီး နာမယ်ရှိဟှူ ယေရှုရဲ့မိ ဖြစ်လေဟှယ်။17အယ်မျိုး မျိုးဆစ်ပေါန်းဟှာ အာဗြဟံဟှနေဘီး ဒါဝိဒ်ထိ ဆယ့်လေးဆစ်၊ ဒါဝိဒ်ဟှနေဘီး ဗာဗုလုန်ဗြို့ဟှို နယ်နှင်ဒန် ခံရခန်ခီထိ ဆယ့်လေးဆစ်၊ ဗာဗုလုန်ဗြို့ဟှို နယ်နှင်ဒန် ခံရဘီးန ခရစ်တော် မွီးလာဟှူ ခီထိ ဆယ့်လေးဆစ် ဖြစ်လေဟှယ်။