လုကာ1tvn_twf

1ရှစ်ရဟှူ သော်ဖိလု၊ ကျွန်တော့်ဟှားလေထဲမာ ဖြစ်ပျစ်နေဟှူ ကြောန်းရာလေဟှို ကောန်းဆောင်း ရေးသားဟှားဟှူ လူလေဘောင်ဂီး ရှိဟှယ်။2သူးနို့လေဟှာ အယ်ဖြစ်ပျစ်ဇာလေဟှို စစဒူးဟှ ဗြင်ဟှူလူလေန ဒန်းကောန်းဟှို ဟောပြောဟှူ မှုဆောန်လေ ပ္လန်ပြောပြဇာလေဟှို ကျမ်းပြု ပေါက်ကိုလေဟှ ရေးသားဟှားဟှယ်။3သော်ဖိလု၊ ကျွန်တော်ဟှာ အယ်ကြောန်းရာလေဟှို ဖြစ်ပျစ်ခီဟှနေ စဘီး သေးသေချားချာ လေ့လာဟှားဟှူ လူဖြစ်ကြောန့် သင်ဖတ်ရှုနိုင်ဟှို့တွပ် စီစဉ်က္လက္လန ကျမ်းစာဟှို ရေးသားမယ် ဆိုဟှာ ကောန်းဆောင်း ဖြစ်မယ် ဆိုဘီး ယူဆဟှယ်။4အယ်ကြောန့် သင်ကြားသိဟှားဟှူ ကြောန်းရာလေဟှို သေးသေချားချာန သင့်ဟှို သိစေရှင်ကြောန့် အယ်ကျမ်းစာဟှို ရေးသားဟှားဇာ ဖြစ်ဟှယ်။

ဗတ္တိဇံယောဟန်ဟှို မွီးဟှို့ကြောန်း

5ယုဒပြည်ဟှို အောက်ချောက်ရဟှူ ဟေရုဒ်မန်းဂီး လတ်ထတ် အဘိယသင်းဝမ် ဖြစ်ဘီး ဇာခရိ နာမယ်ရှိဟှူ ယဇ်ပုရောဟိတ် တယော့‑က်ရှိဟှယ်။ သူ့မီးမ နာမယ်ဟှာ ဧလိရှဗက် ဖြစ်ဘီး သူဟှာ အာရုန်ရဲ့ မျိုးနွယ်လည်း ဖြစ်ဟှယ်။6သူးနို့ နှေ့ယော့‑က်ဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ဖြောန့်မတ်သူလေဖြစ်ဘီး ကိုယ်တော်ရဲ့ ပညတ်တော်လေန မိန့်တော်လေ ဂူလောင်းဟှို ကျင့်ဆောန်ဟှူကြောန့် ပြစ်တန်ဇာမှေ့ဟှ။7ဧလိရှဗက်ဟှာ မ္လုံနေဟှူကြောန့် သူးနို့မာ သားမီးမှေ့ဟှ။ ဇာခရိန သူ့မီးမ နှေ့ယော့‑က်လောင်းဟှာ ရရာတိုင်း အိုနေဘီ။8တရစ်မာ ဇာခရိဟှာ သူ့မှုဆောန်ရဟှို့ လှည့်ရော့‑က်ကြောန့် ဘုရားသခင်ရှေ့မာ ယဇ်ပုရောဟိတ်လောက်ဟှို လောက်နေဟှယ်။9ယဇ်ပုရောဟိတ်လေရဲ့ ထောင်းဇံတိုင်း သူဟှာ ယဇ်ပလ္လင်ထတ်မာ နံ့သာပေါန်းဟှို မီးရှို့ဟှို့ ဝီးကော့‑က်ခံရဟှယ်။ အယ်ကြောန့် သူဟှာ သခင်ဘုရားရဲ့ ဗိမာန်တော်ထဲဟှို ဝမ်ဟှားဘီး၊10နံ့သာပေါန်းဟှို မီးရှို့နေခီမာ ပ္လန်မာနေဟှူ လူလေ ဂူလောင်းဟှာ ဆုတောန်းဘီး နေဂေ့ဟှယ်။11အယ်ခီမာ သခင်ဘုရားရဲ့ ကောန်းဂန်တမန်ဟှာ သူ့ရှေ့မာ ပေါ်လာဘီး နံ့သာပေါန်းဟှို မီးရှို့ဟှူ ယဇ်ပလ္လင်ရဲ့ ညာဖတ်မာ ရပ်နေဟှယ်။12ဇာခရိဟှာ ဗြင်လိုက်ခီမာ ကြော့‑က်ရွံ့ ထိလန့်ဟှားဟှယ်။13အယ်ဘေမဲ့ ကောန်းဂန်တမန်ဟှ “ဇာခရိ၊ ကြော့‑က်န! ဘုရားသခင်ဟှာ နန့်ရဲ့ ဆုတောန်းသံဟှို ကြားဘီး နန့်ရဲ့ မီးမ ဧလိရှဗက်ဟှာ သားမွီးရလေ့မယ်။ အယ်သားဟှို ယောဟန်နာမယ်န မှတ်ရမယ်။14အယ်သားဟှို မွီးခီမာ နန်ဟှာ ရရာတိုင်း ဝန်းသာဘီး လူလေဟှာလည်း ဝန်းသာလေ့မယ်!15ယောဟန်ဟှာ ဘုရားသခင်ရှေ့တော်မာ ရရာတိုင်း ကီးမြတ်ဟှူ လူဖြစ်လေ့မယ်။ သူဟှာ ဝိုင်န ယစ်သေဇာဟှို လောင်းဝသော့‑က်ဟှ။ မွီးဂဒဲဟှ သူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝနေဘီး16သူဟှာ ဣသရေလလူမျိုး များစုဟှို သူးနို့ရဲ့ သခင်ဖြစ်ဟှူ ဘုရားသခင်နားဟှို ပ္လန်ခေါ်ဆောန်လာလေ့မယ်။17သူဟှာ ပရောဖက်ဧလိယမျိုး ခွန်အားန တဂိုးကီးဘီး သခင်ဘုရားရှေ့တော်ဟှို သွားလေ့မယ်။ သူဟှာ ဖခင်လေရဲ့ စိနှလောင်းဟှို သားမီးလေဖတ်ဟှို ပ္လန်လှည့်စေဘီး သူဟှာ နားထောန်ဘဲဟှူ လူလေဟှာ ဖြောန့်မတ်ဟှူလမ်းဟှို ပ္လောန်းလဲစေဘီး သခင်ဘုရားတွပ် ဆင်သင့်ဖြစ်နေဟှို့ ကိုယ်တော့် လူမျိုးဟှို ပြင်ဆင်ဟှားဟှယ်” ဆိုဘီး ဇာခရိဟှို ပြောလေဟှယ်။18ဇာခရိဟှ “အယ်မျိုးဖြစ်မယ် ဆိုဇာဟှို ကျွန်တော် ဖြားမျိုးသိရနူး။ ကျွန်တော်ဟှာ ဖိုးသန်ဂီးဖြစ်နေဘီ။ ကျွန်တော့် မီးမဟှလည်း ဖွားသန်မဖြစ်နေဘီ” ဆိုဘီး ကောန်းဂန်တမန်ဟှို ပြောလေဟှယ်။19ကောန်းဂန်တမန်ဟှ “ငါဟှာ ဂါဗြေလဖြစ်ဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ရပ်နေသူဖြစ်ဘီး နန့်ဟှို အယ်ဒန်းကောန်း ပြောဟှို့တွပ် ငါ့ဟှို စေလွှတ်လိုက်ဟှယ်။20နန်ဟှာ ငါ့ပြောဟှူ အယ်ဒန်းကောန်းဟှို ယောင်ကြည်ဘဲ ဖြစ်နေဘေမဲ့လည်း သတ်မှတ်ဟှားဟှူ ခီရော့‑က်ဟှာ ပ္လဲ့ဇောင်လာလေ့မယ်။ နန်ဟှာ ငါပြောဟှူ ဒန်းကောန်းဟှို ယောင်ကြည်ဘဲဟှူကြောန့် ငါ့ဂဒိတော်လေဟှာ နန့်မာ ပ္လဲ့ဇောင်ခန်နေ့ထိ စကားပြောနိုင်ဘဲ အ,ဘီး နေရလေ့မယ်” ဆိုဘီး ပြောလေဟှယ်။21လူလေဟှာ ဇာခရိဟှို စောန့်မျှော်နေဘီး ဗိမာန်တော်ထဲမာ ကြာဂီးနေဇာဟှို အံ့ဩနေဟှယ်။22ဇာခရိဟှာ ထွပ်လာဟှူ ခီမာ စကားပြောနိုင်ဘဲဟှူကြောန့် ဗိမာန်တော်ထဲမာ ရူပါရောင် ဗြင်ရကြောန်းဟှို သူးနို့ သိဂေ့ဟှယ်။ စကားတလောင်းလည်း ပြောနိုင်ဘဲကြောန့် သူဟှာ သူးနို့လေဟှို လတ်ရိလတ်ခေနဘဲ့ ချစ်ပြလိုက်ဟှယ်။23ဗိမာန်တော်ထဲမာ ယဇ်ပုရောဟိတ်မှုဟှို ဆောန်ရွက်ရဟှို့ ခီပီးဆောင်းဟှားကြောန့် ဇာခရိဟှာ အီဟှို ပ္လန်ဟှားဟှယ်။24အယ်ဘီးန သူ့မီးမ ဧလိရှဗက်ဟှာ ဗိုက်ပိုက်နေဟှူကြောန့် ငါးလလောင်းလောင်း အီပ္လန်ဟှို ထွပ်ဘဲနေဟှယ်။25အယ်မီးမဟှ “ခု သခင်ဘုရားဟှာ ငါ့ဟှို မဇတော်မူလိုက်ဘီ။ ကိုယ်တော်ဟှာ ငါ့ဟှို လူလေကဲ့ရဲ့ ဝေဖန်နေဇာလေဟှို ပယ်ရှင်းပေးတော်မူလိုက်ဘီ!” ဆိုဘီး ပြောလေဟှယ်။

ယေရှုဟှို မွီးဟှို့ကြောန်း

26ဧလိရှဗက်ရဲ့ ဗိုက်ဟှာ ခြော့‑က်လဟှို ရော့‑က်လာဟှူ ခီမာ ဘုရားသခင်ဟှ ကောန်းဂန်တမန် ဂါဗြေလဟှို ဂါလိလဲပြည် နာဇရက် နာမယ်ရှိဟှူ ဗြို့ဟှို လွတ်လိုက်ဟှယ်။27ဒါဝိဒ်မန်းဂီးရဲ့ သားမ္လေးဖြစ်ဘီး ယောသပ် နာမယ်ရှိဟှူ လူတယော့‑က်န လတ်ထပ်ဟှို့ စေ့စပ်ဟှားဟှူ မီးမပျိုတွပ် သူ့မာ ဒန်းစကား ရှိဟှယ်။ အယ်မီးမပျိုရဲ့ နာမယ်ဟှာ မာရိ ဖြစ်ဟှယ်။28ကောန်းဂန်တမန်ဟှာ ရော့‑က်လာဘီး “နန့်နတူးဒူ ငြီသတ်မှုရှိပါစေ! နန့်နတူးဒူ သခင်ဘုရား ရှိဘီး နန်ဟှာ ရရာတိုင်း မင်္ဂလာရှိဟှယ်!” ဆိုဘီး ပြောလေဟှယ်။29ကောန်းဂန်တမန်ရဲ့ စကားကြောန့် မာရိဟှာ စိနှလောင်းငြီသတ်ဘဲ ဖြစ်ဟှားဘီး သူ့စကားလေဟှာလည်း အံ့ဩဘွယ် ဖြစ်ဟှယ်။30ကောန်းဂန်တမန်ဟှ “မာရိ၊ ကြော့‑က်န။ နန်ဟှာ ဘုရားသခင်ရှေ့မာ မျစ်နှာသာရဟှားဘီ။31နန်ဟှာ ဝန်းရှင်မဖြစ်လာဘီး သားဟှို မွီးရလေ့မယ်။ အယ်သားဟှို ယေရှု ဆိုဘီး နာမယ်ပေးရလေ့မယ်။32သူဟှာ ကီးမြတ်ဟှူ သူဖြစ်ဘီး ဗြစ်ဆောင်းဟှူ ဘုရားသခင်ရဲ့ သား ဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။ သူ့ဘိုးဘေ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ဟှို ထာဝရသခင် ဘုရားသခင်ဟှာ သူ့ဟှို ပေးအပ်လေ့မယ်။33သူဟှာလည်း ယာကုပ်ရဲ့ မျိုးနွယ်ဟှို မြဲဒမ်း အောက်ချောက်လေ့မယ်။ သူ့နိုင်ငံတော်ဟှာ လောင်းဝ ဆောင်းမှေ့ဟှ!” ဆိုဘီး အယ်မီးမဟှို ပြောလေဟှယ်။34မာရိဟှ ကောန်းဂန်တမန်ဟှို “ကျွန်မဟှာ မီးမပျို ဖြစ်ဟှယ်။ အယ်မျိုးဆိုဟှာ ဖယ်မျိုးလောက်ဘီး သားမွီးနိုင်ဟှို့နူး။” ဆိုဘီး မေးလေဟှယ်။35ကောန်းဂန်တမန်ဟှာ “သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နန့်ထတ်မာ သတ်ရော့‑က်ဘီး ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာလည်း နန့်ထတ်မာ လွှမ်းမိုးနေလေ့မယ်။ အယ်ကြောန်းကြောန့် သန့်ရှင်းဟှူ သားတော်ဟှာ ဘုရားသခင်ရဲ့ သားဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။36နန့်ရဲ့ ဆွေမျိုး ဧလိရှဗက်ဟှို ဒိရဂေ့။ မြုံမ ဆိုဘီး ခေါ်ခံနေရဟှူ သူဟှာ ဖွားသန်မ ဖြစ်နေဘေမဲ့ ခု ဝန်းရှင်မ ဖြစ်နေဇာ ခြော့‑က်လရှိနေဘီ။37အယ်ကြောန့် ဘုရားသခင်မာ လောက်နိုင်ဘဲဇာ ဖြားလည်းမှေ့ဟှ” ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။38မာရိဟှ “ကျွန်မဟှာ သခင်ဘုရားရဲ့ စေခံဖြစ်ဟှယ်။ ကိုယ်တော်ပြောဟှားတိုင်း ကျွန်မမာ ပ္လဲ့ဇောင်ပါစေ” ဆိုဘီး ပြောဟှယ်။ အယ်ဘီးန ကောန်းဂန်တမန်ဟှာ မာရိနားဟှ ထွပ်ဟှားဟှယ်။

ဧလိရှဗက်နားဟှို မာရိအီးခ္လယ်သွားဟှူကြောန်း

39အယ်မျိုးဖြစ်ဘီး ကြာခန်မာဘဲ့ မာရိဟှာ သင့်ပြင်ဘီးန တောန်ထတ်ဒေသမာရှိဟှူ ယုဒပြည် ဗြို့တဗြို့ဟှို ဗြန်းဗြန်သွားလိုက်ဟှယ်။40ဇာခရိရဲ့ အီဟှို ဝမ်ဘီး ဧလိရှဗက်ဟှို နှောက်ဆစ်လေဟှယ်။41မာရိရဲ့ နှောက်ဆစ်စကားဟှို ဧလိရှဗက်ကြားဟှူ ခီမာ ဗိုက်ထဲဟှ သားဂန်ဟှားဟှာ ထခူလေဟှယ်။ ဧလိရှဗက်ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့နေဘီး42သံက္လယ်ဂီးန “နန်ဟှာ မီးမလေ ဂူလောင်းထတ် မင်္ဂလာရှိဆောင်း ဖြစ်ဘီး နန်မွီးမယ့် သားဟှာလည်း မင်္ဂလာရှိဆောင်း ဖြစ်ဟှယ်!43ငါ့သခင်ရဲ့ မိခင်ဟှာ ငါ့နားဟှို အီးခ္လယ်လာကြောန့် အယ်မျိုးကီးမားဟှူဇာလေ ဖြစ်နေဇာလော။44နန့်ရဲ့ နှောက်ဆစ်စကားဟှို ကြားလိုက်ဟှူန ရှင်းရှင်းဘဲ့ ငါ့ဗိုက်ထဲဟှ သားဂန်းဟှားဟှာ ဝန်းသာအားရ ထခူလေဟှယ်။45သခင်ဘုရားရဲ့ ဒန်းစကားဟှာ နန့်မာ ပ္လဲ့ဇောင်လေ့မယ် ဆိုဇာဟှို ယောင်ကြည်ဟှူ မီးမဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး ပြောလေဟှယ်။

မာရိရဲ့ ချီးမွမ်းချင်းကြောန်း

46မာရိဟှ၊“ငါ့ရဲ့ စိနှလောင်းဟှာ သခင်ဘုရားဟှို ချီးမွမ်းဘီး၊47ငါ့ရဲ့ ကယ်တန်ရှင် ဘုရားသခင်ကြောန့် ငါ့ရဲ့ ဝိညာဉ်ဟှာ ဝန်းသာအားရဘီး၊48ကိုယ်တော်ဟှာ သူ့စေခံရဲ့ နှိခ္လနေဇာဟှို အော့‑က်မေ့တော်မူဘီ!ခုဟှစဘီး လူလေ ဂူလောင်းဟှာ ငါ့ဟှို မင်္ဂလာရှိသူ ဆိုဘီး ခေါ်ဂေ့လေ့မယ်၊49ဖြားဖြစ်ကြောန့်နူးဆိုဟှာ တဂိုးန ပ္လဲ့ဇောင်တော်မူဟှူ ဘုရားသခင်ဟှ ရရာတိုင်း ကီးမားဇာလေဟှို ငါ့တွပ် ပြုတော်မူကြောန့် ဖြစ်ဟှယ်။ဘုရားသခင်ရဲ့ နာမတော်ဟှာ သန့်ရှင်းတော်မူဘီး၊50မျိုးဆစ် ဆစ်ဘီးဆစ်ကိုယ်တော့်ဟှို ကိုးကွယ်သူလေဟှို ကိုယ်တော်ဟှာ ကရုဏာဟှို ပြတော်မူဟှယ်။51ကိုယ်တော့် လတ်ရောင်းတော်ဟှို ဆန့်တန်းဘီးသူးနို့စိနှလောင်းထဲဟှ ကြံစည်လေန မာနထောန်လွှားနေဟှူ လူလေဟှို ဖ္လဲဖ္လဲစင်စေမယ်။52မန်းဂီးလေဟှို သူးနို့ရာဇပလ္လင်ထတ်ဟှ ခ္လဘီးနနှိခ္လဟှူ လူလေဟှို မ္လော့‑က်စားတော်မူဟှယ်။53ငတ်နေဟှူ လူလေဟှို ကောန်းဟှူ ဇာလေန ကျွေးဘီးနကြွယ်ဝဟှူ လူလေဟှို လတ်ခဲခဲ လွှတ်လိုက်တော်မူဟှယ်။54ကိုယ်တော်ဟှာ နို့လေရဲ့ ဘိုးဘေးလေဟှို ပေးဟှားဟှူ ဂဒိတော်တိုင်းကိုယ်တော်ရဲ့ စေခံဖြစ်ဟှူ ဣသရေလလူမျိုးဟှို ကရုဏာပြဟှို့ ကြွလာတော်မူဟှယ်။55ကိုယ်တော်ဟှာ အာဗြဟံန သူ့မျိုးနွယ် ဂူလောင်းဟှို ကရုဏာ ကျေးဇူးတော်ဟှိုမြဲဒမ်းပြဟှို့ အော့‑က်မေ့တော်မူဘီး!” ဆိုဘီး ပြောလေဟှယ်။56မာရိဟှာ ဧလိရှဗက်နတူးဒူ သောင်းလနီးပါး နေဘီးမှ မိမိအီဟှို ပ္လန်ဟှားလေဟှယ်။

ဗတ္တိဇံယောဟန် မွီးဟှို့ကြောန်း

57ဧလိရှဗက်ဟှာ ဖွားခီရော့‑က်လာဘီး သားဂန်းဟှို မွီးလေဟှယ်။58အီဇနီးရှင်းလေန ဆွေမျိုးလေဟှ သခင်ဘုရားဟှာ အံ့ဩဘွယ် ကောန်းအောန် ကရုဏာ ပြတော်မူကြောန်းဟှို ကြားဘီးန သူးနို့ ဂူလောင်းဟှာ သူ့နတူးဒူ ဝန်းသာဂေ့ဟှယ်။59ရှစ်ရစ်ပ္လဲ့ဟှူ ခီမာ သူးနို့ဟှာ သားဂန်းရဲ့ ရေဖျားလှီးဟှို့ လာဂေ့ဘီးန သူးနို့ဟှာ သူ့ဖရဲ့ နာမယ်တိုင်း ဇာခရိ ဆိုဘီး နာမယ်ပေးလေဟှယ်။60အယ်ဘေမဲ့ သူ့မိဟှ “အယ်နာမယ် ပေးန! သူ့နာမယ်ဟှို ယောဟန် ဆိုဘီး ပေးရမယ်” ဆိုဘီး ပြောလေဟှယ်။61သူးနို့ဟှ “ယောဟန်နာမယ်န နန်းနို့ဆွေမျိုးထဲမာ မှေ့ဟှ!” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။62အယ်ဘီးန သူးနို့ဟှာ သူ့ဖဟှို လတ်ရိလတ်ခေပြဘီး သားဂန်းနာမယ်ဟှို ဖယ်မျိုးပေးရဟှို့ ဆိုဘီး မေးဟှယ်။63ဇာခရိဟှာ သန်းဖူးကီးဟှို တောန်းဘီးန “သားဂန်းဟှား နာမယ်ဟှာ ယောဟန် ဖြစ်ဟှယ်” ဆိုဘီး ရေးပေးလိုက်ဟှယ်။ သူးနို့ ဂူလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်!64အယ်ခီမာဘဲ့ ဇာခရိဟှာ ပ္လန်ဘီး စကားပြောနိုင်ဟှားဘီးန သူဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို စဘီးချီးမွမ်းလေဟှယ်။65အီဇနီးရှင်းလေ ဂူလောင်းဟှာ ကြော့‑က်ရွံ့မှုလေန ပ္လဲ့နေဘီး အယ်ဖြစ်ပျစ်ဇာန ဆိုင်ဟှူဒန်းလေဟှို ယုဒပြည် တောန်ကြားနေရာ နှံ့ပ္လားမာ လူလေဟှာ ပြောနေလေဟှယ်။66အယ်ဒန်းဟှို ကြားရဟှူ လူလေဂူလောင်းဟှာ စိထဲမာ စဉ်းစားဘီးဟှာ မေးနေဇာဟှ “အယ်သားဂန်းဟှ ဖယ်မျိုးသားဂန်းနူး။” သခင်ဘုရားရဲ့ တဂိုးတော်ဟှာ အယ်သားဂန်ထတ်မာ ရှိနေကြောန့် ဖြစ်ဟှယ်။

ဇာခရိရဲ့ ပရောဖက်ပြုချစ်ကြောန်း

67ယောဟန်ရဲ့ဖ ဇာခရိဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဘီး ပရောဖက်ပြုဟှူဇာဟှ၊68“ဣသရေလလူမျိုးရဲ့ ဘုရားသခင်၊ သခင်ဘုရားဟှို နို့လေချီးမွမ်းဂေ့ဇို့!ကိုယ်တော်ဟှာ ကိုယ်တော်ရဲ့ လူမျိုးနားဟှို ကြွလာဘီး သူးနို့ဟှို လွတ်မြော့‑က်စေတော်မူဘီ။69ကိုယ်တော်ရဲ့ စေခံဒါဝိဒ်ရဲ့ မ္လေးမ္လစ် တယော့‑က်ဟှို၊ကိုယ်တော်ဟှာ တဂိုးကီးမားဟှူ ကယ်တန်ရှင်ဟှို နို့လေတွပ် ပေါ်ပေါ့‑က်စေဟှယ်။70ကိုယ်တော်ဟှာ ကိုယ်တော်ရဲ့ ရှေးသန့်ရှင်းဟှူ ပရောဖက်လေ ဟှနေတဆင့် ဂဒိပေးဟှားဇာဟှ71ကိုယ်တော်ဟှာ နို့လေရဲ့ ရန်သူလတ်ဟှရော၊နို့လေဟှို မူးဟှူသူ ဂူလောင်းရဲ့ တဂိုးဟှရော နို့လေဟှို ကယ်တန်တော်မူလေ့မယ်။72ကိုယ်တော်ဟှာ နို့လေရဲ့ ဘိုးဘေးလေဟှို ကရုဏာတော် ပြဘီးဟှာကိုယ်တော်ရဲ့ သန့်ရှင်းဟှူ ပဋိညာဉ်တော်ဟှို အော့‑က်မေ့ပါ ဆိုဘီး ပြောဟှားဟှယ်။73နို့လေရဲ့ ဘိုးဘေး အာဗြဟံဟှို လေးနတ်ဟှူ ဂဒိသစ်စာ ပြုဟှားဇာဟှ၊74ကိုယ်တော်ဟှာ နို့လေရဲ့ ရန်သူလေ လတ်ထဲဟှနေ နို့လေဟှို ကယ်တန်ဟှို့နကြော့‑က်လန့်မှုမှေ့ဘဲ့ ကိုယ်တော့်ဟှို စေခံဟှို့ နို့လေဟှို ခွမ့်ပြုမယ် ဆိုဘီး ဖြစ်ဟှယ်။75အယ်ကြောန့် နို့လေဟှာ ကိုယ်တော့်ရှေ့တော်မာ သန့်ရှင်းရှင်းန ဖြောန့်မတ်ရှင်းဟှိုတသတ်လောင်းရဟှယ်။
76“သားဂန်းဟှား၊ နန့်ဟှိုလည်း ဗြစ်ဆောင်းဖြစ်ဟှူ ပရောဖက်ဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။နန်ဟှာ သခင်ဘုရားရဲ့ လမ်းဟှို ပြင်ဆင်ဟှို့ရှေ့တော်ပ္လေး သွားရလေ့ဘီး၊77ကိုယ်တော်ရဲ့ လူလေဟှို သူးနို့ရဲ့ ပြစ်လေ ဖြေလွှတ်ပေးဇာခံရကြောန့်ကယ်တန်ခံရလေ့မယ် ဆိုဘီး ပြောလေ့မယ်။78နို့လေရဲ့ ဘုရားသခင်ဟှာ သနားကြင်နာမှုန ကရုဏာတော် ဖြစ်ဟှူကြောန့်ကိုယ်တော်ဟှာ ကယ်တန်မှုရဲ့ မိုးလန်းဇခီဟှို နို့လေထတ်မာ သတ်ရော့‑က်စေဘီး79မှောန်မိုက်န သေမန်းရဲ့ ရိထဲမာ ရှိနေဟှူ လူလေ ဂူလောင်းထတ်မာ ကောန်းဂန်ဟှနေ လန်းရောန်ထွန်းလန်းဟှို့န၊ငြီသတ်ရှင်းလမ်းထဲမာ နို့လေရဲ့ ခေလှမ်းလေဟှို ပြဟှို့ဖြစ်ဟှယ်” ဆိုဘီး ဘုရားသခင်ရဲ့ စကားတော်ဟှို ပြောလေဟှယ်။80အယ်သားဂန်းဟှာ ကီးဒတ်လာဘီး ခန္ဓာန ဝိညာဉ်လည်း အားကီးလာဟှယ်။ သူဟှာ ဣသရေလ လူမျိုးလေရဲ့ ရှေ့မာ ထန်းထန်ရှားရှား ပေါ်လာခန်ဒူးဟှ ဆိုဟှာ တောကန္တရထဲမာ နေလေဟှယ်။