ယောဟန်19tvn_twf
1အယ်ကြောန့် ပိလတ်ဟှာ ယေရှုဟှို ခေါ်ဆောန်ဟှားစေဘီး ကီဒန်ပေးစေဟှယ်။2စစ်သားလေဟှာ ဆူးခတ်လေန လောက်ဟှားဟှူ သရဖူဟှို ကိုယ်တော့်ခေါန်းထတ်မာ ဆောန်းပေးဘီးဟှာ ခရမ်းရောန်ဝတ်ရောင်ဟှို ဝတ်ပေးဘီး3ကိုယ်တော်နားဟှို လာဂေ့ဘီး “ယုဒမန်းဂီး သတ်တော် ရာကျော်ရှယ်ပါစေ!” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘီးန ကိုယ်တော့်ဟှို ပါးရိုက်ဂေ့ဟှယ်။4ပိလတ်ဟှာ နော့‑က်ထပ်တခါ ပ္လန်ဟှို ထွပ်လာဘီးဟှာ “အယ်လူဟှို ပြစ်စီရင်ဟှို့ဇာ ဖြားလည်းတွိဟှ။ အယ်ကြောန့် နန်းနို့ဗြင်စေဟှို့ သူ့ဟှို နန်းနို့နားဟှို ငါခေါ်လာမယ်” ဆိုဘီး လူအောက်ဂီးဟှို ပြောလေဟှယ်။5အယ်ဘီးန ယေရှုဟှာ ဆူးသရဖူန ခရမ်းရောန်ဝတ်ရောင်ဟှို ဝတ်ဟှားဘီး ပ္လန်ဟှို ထွပ်ကြွတော်မူလေဟှယ်။ ပိလတ်ဟှာ “ကေ့ကေ့! အယ်လူဘဲ့ဖြစ်ဟှယ်!” ဆိုဘီး သူနို့ဟှို ပြောလေဟှယ်။6ယဇ်ပုရောဟိတ်ဂီးလေန စောန့်လေဟှာ ကိုယ်တော့်ဟှို ဗြင်လိုက်ဟှူ ခီမာ “အယ်လူဟှို ကားစင်တန်ပါ! အယ်လူဟှို ကားစင်တန်ပါ!” ဆိုဘီး သူးနို့ဟှာ အော်ဟစ်ဂေ့ဟှယ်။ ပိလတ်ဟှာ “အယ်ဆိုဟှာ နန်းနို့ဟှာ အယ်လူဟှို ခေါ်ဆောန်ဟှားဘီး ကားစင်တန်ဂေ့။ ငါဟှာ သူ့ဟှို ပြစ်စီရင်ဟှို့ဇာ ဖြားလည်းတွိဟှ” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။7ယုဒလူခေါန်းဆောန်လေဟှာ “အယ်လူဟှာ သူ့ကိုယ်သူ ဘုရားသခင်ရဲ့ သားတော် ဆိုဘီး ကြေညာဟှူကြောန့် သေထိုက်ကြောန်း ကျွန်တော့်ဟှားလေရဲ့ ပညတ်တရားမာ ပြောဟှားဟှယ်” ဆိုဘီး ဖြေဂေ့ဟှယ်။8ပိလတ်ဟှာ အယ်စကားဟှို ကြားရဟှူ ခီမာ ပိုဘီး ကြော့‑က်လန့်ဟှားဟှယ်။9သူဟှာ နန်းတော်ထဲဟှို ပ္လန်ဝမ်ဟှားဘီးဟှာ ယေရှုဟှို “သင်ဟှာ ဖယ်နေရာဟှနေ လာဟှယ်နူး” ဆိုဘီး မေးလေဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ ခွန်းလည်း ပ္လန်ဖြေဟှ။10ပိလတ်ဟှာ ကိုယ်တော့်ဟှို “သင်ဟှာ ငါ့ဟှို စကားပြောနိုဘီလော။ ငါဟှာ သင့်ဟှို လွှတ်ဟှို့တွပ် ခွမ့်အာဏာလည်းရှိဘီး ကားစင်တန်ဟှို့တွပ် ခွမ့်အာဏာလည်းရှိဟှယ် ဆိုဇာဟှို သိဟှလော” ဆိုဘီး မေးလေဟှယ်။11ယေရှုဟှ “သင့်ဟှို ဘုရားသခင်ဟှ ပေးအပ်ဟှားဟှူကြောန့် အယ်မျိုးခွမ့်အာဏာဟှို ရဟှားဟှယ်။ အယ်ကြောန့် ငါ့ဟှို သင့်လတ်ထဲအပ်ဟှူ လူဟှာ ပြစ်ပိုကီးဟှယ်” ဆိုဘီး ဖြေလေဟှယ်။12ပိလတ်ဟှာ အယ်မျိုးကြားရဟှူ ခီမာ ယေရှုဟှို လွှတ်ပေးဟှို့တွပ် နည်းလမ်းရှာဟှို့ ကြိုးစားလေဟှယ်။ အယ်ဘေမဲ့ ယုဒလူခေါန်းဆောန်လေဟှာ “အယ်လူဟှို လွှတ်ပေးမယ် ဆိုဟှာ သင်ဟှာ ကဲသာမန်းဂီးရဲ့ မိဆွေ မှုဟှ! ဖယ်လူဘဲ့ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မန်းဂီးဆိုဘီး ကြေညာဟှူလူဟှာ ကဲသာမန်းဂီးဟှို ပူကန်ဇာဖြစ်ဟှယ်!” ဆိုဘီး အော်ဂေ့ဟှယ်။13ပိလတ်ဟှာ အယ်စကားလေဟှို ကြားဟှူ ခီမာ ယေရှုဟှို ပ္လန်ဟှို ခေါ်ထုဟှားဘီး က္လော့‑က်ပ္လားစင်္ကြံ ဆိုဘီး ခေါ်ဟှူ တရားပလ္လင်ထတ်မာ ထိုင်လေဟှယ်။ အယ်စင်္ကြံဟှို ဟေဗြဲစကားန ဂဗ္ဗသ ဆိုဘီး ခေါ်ဟှယ်။14အယ်နေ့ဟှာ ပသခါပွဲတိုင်ခန် နေဒန်ဇာဖြစ်ဟှယ်။ ပိလတ်ဟှာ “နန်းနို့မန်းဂီးဘဲ့ ဖြစ်ဟှယ်!” ဆိုဘီး ယုဒလူလေဟှို ပြောလေဟှယ်။15သူးနို့ဟှာ “အယ်လူဟှို သတ်ပါ! အယ်လူဟှို သတ်ပါ! အယ်လူဟှို ကားစင်တန်ပါ!” ဆိုဘီး ပ္လန်အော်ဂေ့ဟှယ်။ ပိလတ်ဟှာ “နန်းနို့မန်းဂီးဟှို ကားစင်တန်ရဟှို့လော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။ ယဇ်ပုရောဟိတ်ဂီးလေဟှ “ကဲသာတပါးဒဲဘဲ့ ကျွန်တော်ဟှားလေရဲ့ မန်းဂီးဖြစ်ဟှယ်!” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။16အယ်ဘီးန ပိလတ်ဟှာ ယေရှုဟှို ကားစင်တန်ဟှို့တွပ် သူးနို့လတ်ထဲဟှို အပ်ပေးလေဟှယ်။ ယေရှုဟှို ကားစင်တန်ဟှူကြောန်း (မဿဲ ၂၇.၃၂–၄၄; မာကု ၁၅.၂၁–၃၂; လုကာ ၂၃.၂၆–၄၃) အယ်ကြောန့် သူးနို့ဟှာ ယေရှုဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။17ကိုယ်တော်ဟှာ “ဦးခေါန်းခွံနေရာ” ဟှို မိမိလတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ကြွတော်မူလေဟှယ်။ အယ်နေရာဟှို ဟေဗြဲစကားန “ဂေါလဂေါသ” ဆိုဘီး ခေါ်ဟှယ်။18သူးနို့ဟှာ အယ်နေရာမာ ကိုယ်တော့်ဟှို တခြားလူနှေ့ယော့‑က်နတူးဒူ ကားစင်တန်ဂေ့ဟှယ်။ ယေရှုဟှို လယ်မာထားဘီး အယ်လူနှေ့ယော့‑က်ဟှို ညာဖတ်မာ တယော့‑က် ဘယ်ဖတ်မာ တယော့‑က် ထားဂေ့ဟှယ်။19ပိလတ်ဟှာ “ယုဒမန်းဂီး၊ နာဇရက်ဗြို့သား ယေရှု” ဆိုဘီး ကမ္ပည်းရေးထိုးဘီး လတ်ဝါးကပ်တိုင်ထတ်မာ ကပ်ဟှားဟှယ်။20ယေရှုဟှို ကားစင်တန်ဟှူ နေရာဟှ ဗြို့န နီးဟှူကြောန့် ယုဒလူလေဟှာ အယ်ကမ္ပည်းစာဟှို ဖတ်ဂေ့ဟှယ်။ အယ်ကမ္ပည်းစာဟှို ဟေဗြဲစကား၊ လက်တင်စကား၊ ဟေလသစကားန ရေးဟှားဟှယ်။21ယဇ်ပုရောဟိတ်ဂီးလေဟှာ ပိလတ်ဟှို “ ‘ယုဒမန်းဂီး’ ဆိုဘီး ရေးပါန။ ‘အယ်လူဟှ ငါဟှာ ယုဒလူလေရဲ့ မန်းဂီးဖြစ်ဟှယ် ဆိုဘီး ပြောကြောန်းဟှိုဘဲ့ ရေးတော်မူပါ’” ဆိုဘီး ပြောဂေ့ဟှယ်။22ပိလတ်ဟှ “ငါရေးဟှားဘီးဇာဘဲ့ တည်ဖြစ်ရမယ်” ဆိုဘီး ပ္လန်ပြောလေဟှယ်။23စစ်သားလေဟှာ ယေရှုဟှို ကားစင်တန်ဂေ့ဘီးန ကိုယ်တော်ရဲ့ ဝတ်တော်ဟှို လေးပိုင်းပိုင်းဘီး တယော့‑က်တပိုင်းစီ ယူဂေ့ဟှယ်။ သူးနို့ဟှာ ထဲခံအန်းဂီဟှိုလည်း ယူဂေ့ဟှယ်။ အယ်အန်းဂီဟှာ ချောက်ကြောန်းမှေ့ဘဲ့ ရစ်လောက်ဟှားဟှူ အန်းဂီးဖြစ်ဟှယ်။24စစ်သားလေဟှာ “အယ်အန်းဂီးဟှို ဆုဖ္လဲဘဲန ဖယ်လူရမယ် ဆိုဇာဟှို မဲနှိုက်ဂေ့ဇို့” ဆိုဘီး သူးနို့ ရှင်းရှင်း ပြောဂေ့ဟှယ်။ အယ်မျိုးဖြစ်လာဇာဟှ“သူးနို့ဟှာ ငါ့အန်းဂီးဟှို ခွဲဝီယူဂေ့မယ်အယ်ဘီးဟှာ ငါ့အန်းဂီဟှို မဲနှိုက်ဘီးဟှာ ယူဂေ့ဟှယ်” ဆိုဘီး ကျမ်းစာမာ ရေးဟှားဇာလေ ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လေဟှယ်။အယ်ကြောန့် စစ်သားလေဟှာ အယ်မျိုး လောက်ဂေ့ဟှယ်။25ယေရှုရဲ့ လတ်ဝါးကပ်တိုင်နားမာ ကိုယ်တော်ရဲ့မိ၊ ကိုယ်တော့်မိရဲ့ညီမ၊ ကလောဖရဲ့မီးမ မာရိန မာဂဒလဝါသူ မာရိ မတ်တတ်ရပ်နေဂေ့ဟှယ်။26ယေရှုဟှာ နီးမာရပ်နေဟှူ၊ ကိုယ်တော်ရှစ်ဟှူ တဗဲ့တော်န မိဟှို ဗြင်လိုက်ဟှူကြောန့် ကိုယ်တော်ဟှ “နို့မိ၊ နို့မိသားဟှို ကေ့ပါအူး” ဆိုဘီး မိဟှို မိန့်တော်မူဟှယ်။27အယ်ဘီးန ကိုယ်တော်ဟှာ “သူဟှာ နန့်ရဲ့ မိဖြစ်ဟှယ်” ဆိုဘီး အယ်တဗဲ့တော်ဟှို မိန့်တော်မူလေဟှယ်။ အယ်ခီဟှနေစဘီး အယ်တဗဲ့တော်ဟှာ မိဟှို သူ့ရဲ့ အီမာ ခေါ်ဟှားလေဟှယ်။