မျစ်နှာလိုက်ဘဲဟှို့တွပ် ဒိပေးကြောန်း
1ညီကို မောန်နှမလေ၊ နန်းနို့ဟှာ ဖောင်းတဂိုးကီးဟှူ သခင်ယေရှုခရစ်တော်ဟှို ယောင်ကြည်ဟှူ လူလေဖြစ်ဟှူကြောန့် လူလေဟှို မျစ်နှာလိုက်ဘီး ဆစ်ဆံဂေ့န။2နန်းနို့လေရဲ့ ဝါလယ်ဇရပ်ဟှို ဝမ်လာဟှူ လူနှေ့ယော့‑က်မာ ရွှေလတ်စွပ်ဝတ်ဟှားဘီး ရရာတိုင်းကောန်းဟှူ အန်းဂီလေဟှို ဝတ်ဟှားလေဟှယ်။ တခြားတယော့‑က်ဟှ ဆင်းရဲဟှူကြောန့် စုနေဟှူအန်းဂီဟှို ဝတ်ဟှားမယ် ဆိုဟှာ၊3နန်းနို့ဟှာ ကောန်းဟှူအန်းဂီဟှို ဝတ်ဟှားဟှူလူဟှို ဦးစားပေးဘီးဟှာ “အယ်နေရာကောန်းမာ ထိုင်ပါ” ဆင်းရဲသားဟှို “ငါရဲ့ ခေရင်းမာထိုင်ပါ” ဆိုဘီး ပြောမယ် ဆိုဟှာ၊4ရှင်းရှင်းဘဲ့ လူဒန်းဇားခွဲခြားဘီး ကောန်းဘဲဟှူကြံစည်ဟှို စီရင်ဂေ့ဇာ မှုဟှလော။5ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ နားထောန်ဂေ့ပါ။ ယောင်ကြည်ရှင်းမာ ကြွယ်ဝဟှူ လူလေဖြစ်ဂေ့ဟှို့တွပ်၊ ဒိထားဟှားဟှူ နိုင်ငံတော်ဟှို မွီခံရဟှူလူလေ ဖြစ်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ လောကမာ ဆင်းရဲဟှူလူလေဟှို ဝီးကော့‑က်ဟှားဇာ မှုဟှလော။6အယ်ဘေမဲ့ နန်းနိုဟှာ ဆင်းရဲသားလေဟှို စော်ဂါးဂေ့ဟှယ် ကြွယ်ဝဟှူ လူလေဟှာ နန်းနို့လေဟှို နှိစစ်ဘီးဟှာ တရားသူဂီးလေရှေ့မာ ဆွဲခေါ်ဟှားဂေ့ဟှယ် မှုဟှလော။7နန်းနို့ဟှို ခေါ်ဟှားဘီး နာမတော်ဟှို ကဲ့ရဲ့ဂေ့ဇာ မှုဟှလော။8နန်းနို့ဟှာ “ကိုယ့်နဆိုင်ဟှူလူဟှို ကိုယ်နမျှရှစ်ပါ” ဆိုဘီး ကျမ်းစာမာပါဟှူ ရွှေပညတ်တော်ဟှို ကျင့်မယ် ဆိုဟှာ ကောန်းဟှူဇာဟှို ကျင့်ဟှူဇာ ဖြစ်ဟှယ်။9အယ်မျိုးမူဘဲနေဟှာ လူမျစ်နှာဟှို ထော့‑က်မယ် ဆိုဟှာ ပြစ်လောက်ဟှူလူ ဖြစ်ဟှယ် ဆိုဇာ အယ်ပညတ်အားဖြင့် ထန်ရှားဟှယ်။10ပညတ်တော်တခုဟှို ခ္လိုးဖော့‑က်ဟှူလူဟှာ ပညတ်တော် ဂူလောင်းဟှို ခ္လိုးဖော့‑က်ဇာန တူးဒူဘဲ့။11ဖြားဖြစ်ကြောန့်နူးဆိုဟှာ “အီထောန်ရေးဖော့‑က်ပ္လန်န” ဆိုဘီး ပြောဟှားဟှူသခင်ဟှာ “လူသတ်ဟှိုလည်း သတ်န” ဆိုဇာလည်း ပြောဟှားကြောန့် ဖြစ်ဟှယ်။ နန်ဟှာ အီထောန်ရေး ဖော့‑က်ပ္လန်ဘေမဲ့ လူသတ်ဟှူသတ်ဟှယ် ဆိုဟှာ ပညတ်တော်ဟှို ခ္လိုးဖော့‑က်ဇာန တူးဒူဘဲ့ ဖြစ်ဟှယ်။12အယ်ကြောန့် နန်းနို့ဟှာ လွတ်မြော့‑က်ရှင်းနဆိုင်ဟှူ တရားတော်အားဖြင့် စီရင်ရှင်းဟှို ခံရမယ်သူလေမျိုးဘဲ ပြောဆိုကျင့်ကြံဂေ့ပါ။13ကရုဏာမှေ့ဘဲ့ဟှူ လူဟှာ ကရုဏာမှေ့နဟှူ တရားစီရင်ရှင်းဟှို ခံရလေ့မယ်။ အယ်ဘေမဲ့ ကရုဏာဟှာ တရားစီရင်ရှင်းထတ်မာ အောန်ဗွဲခံတတ်ဟှယ်။ယောင်ကြည်ရှင်းနကျင့်
14ငါ့ညီကို မောန်နှမလေ၊ လူတယော့‑က်ဟှ ငါမာ ယောင်ကြည်ရှင်းရှိဟှယ် ဆိုဘီး ပြောဘေမဲ့လည်း ကျင့်အားဖြင့် သတ်သေပြနိုင်ဟှ ဆိုဟှာ ဖယ်ကျိုးရှိနူး။ အယ်လူရဲ့ ယောင်ကြည်ရှင်းဟှာ သူ့ဟှို ကယ်တန်နိုင်ဘဲ့လော။15ညီကို မောန်နှမလေဟှာ စားဝတ်နေရေး ဆင်းရဲနေဟှူ ခီမာ16နန်းနို့ဟှ “နန်းနို့လေဟှို ဘုရားသခင် ကောန်းဂျီးပေးပါစေ။ ငြီးငြီးချမ်းချမ်းဟှား နေဂေ့ပါ။ ဝဝဟှားစားဂေ့” ဆိုဘီး ပြောဘီးဟှာ သူးနို့ရဲ့ ကိုယ်ခန္ဓာတွပ် လိုအပ်နေဟှူ ဇာလေဟှို ပေးဘဲ့န နေမယ် ဆိုဟှာ ဖြာကျိုးရှိမယ်နူး။17ယောင်ကြည်ရှင်းဟှလည်း အယ်မျိုးဘဲ့ဖြစ်ဟှယ်။ ကျင့်မှေ့ဘဲ့ဟှူ ယောင်ကြည်ရှင်းဟှာ ခုဒဲဘဲဖြစ်ဟှူကြောန့် သေဖြစ်ဟှယ်။18အယ်ကြောန့် ယော့‑က်ယော့‑က်ဟှ “ငါ့မာ ယောင်ကြည်ရှင်းရှိဟှယ်” ဆိုဘီး ပြောမယ် ဆိုဟှာ “ကျင့်မှေ့ဘဲ့န နန့်ရဲ့ယောင်ကြည်ရှင်းဟှို ငါ့ဟှို ပြပါ။ ငါဟှကျင့်န ငါရဲ့ ယောင်ကြည်ရှင်းဟှို ပြမယ်” ဆိုဘီး ပြောဇာရှိဟှယ်။19ဘုရားသခင်တပါးဘဲ့ ရှိဟှယ် ဆိုဘီး ယောင်ကြည်ဇာဟှာ ကောန်းဟှယ်။ နတ်ဆိုးလေဟှလည်း အယ်မျိုးဘဲ့ ယောင်ကြည်ဘီးဟှာ ကြော့‑က်ဘီး တူနေဂေ့ဟှယ်။20အို၊ လူမိုက်၊ ကျင့်မှေ့ဘဲ့ဟှူ ယောင်ကြည်ရှင်းဟှာ ချည်းနှီးဖြစ်ဟှယ် ဆိုဇာဟှို သိရှင်လော။21နို့လေရဲ့ဖိုး အာဗြဟံဟှာ ဘုရားသခင်န မှန်းမှန်ကန်းကန် ပေါန်းသင်းဆစ်ဆံဇာဟှို ဖယ်မျိုးရဟှယ်နူး။ သူဟှာ သူ့သားဣဇာက်ဟှို ယဇ်ပလ္လင်ထတ်မာ တန်ဘီးဟှာ ပူဇော်ဟှူ ခီမာ ကျင့်ကြောန့် ဖြောန့်မတ်ရှင်းဟှို ရဟှယ်။22သူ့ရဲ့ယောင်ကြည်ရှင်းဟှာ ကျင့်နတွဲနေဇာဟှို နန်းနို့လေဟှာ ဗြင်ဂေ့ဟှလော။ ကျင့်ကြောန့်သူ့ရဲ့ ယောင်ကြည်ရှင်းဟှာ ပ္လဲ့ဝစောင်လင်လာဟှယ်။23အယ်ကြောန့် “အာဗြဟံဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှယ်။ သူ့ရဲ့ ယောင်ကြည်ရှင်းကြောန့် ဘုရားသခင်ဟှာ သူဟှို ဖြောန့်မတ်ဟှူသူနေန လတ်ခံလိုက်ဟှယ်” ဆိုဇာ ကျမ်းစကားဟှာ ပ္လဲ့ဇောင်လာဟှယ်။ အယ်ကြောန့် အာဗြဟံဟှာ ဘုရားသခင်ရဲ့ မိဆွေ ဆိုဘီး ခေါ်ခံရဟှယ်။24အယ်ကြောန့် လူဟှာ ယောင်ကြည်ရှင်း အားဖြင့်ဘဲ့ ဖြောန့်မတ်ရှင်းဟှို ရော့‑က်ဇာမှုဟှ။ ကျင့်အားဖြင့်ရော့‑က်ဟှယ် ဆိုဇာဟှို နန်းနို့ သိရဂေ့ဟှယ်။25ကောန်းဘဲ့ဟှူမီးမ ရာခပ်ရဲ့ကြောန်းဟှလည်း အယ်မျိုးဘဲ့ ဖြစ်ဟှယ်။ သူဟှာ ဣသရေလ တလျှိုလေဟှို လတ်ခံဘီးန တခြားလမ်းဟှနေ ထွပ်ဟှားဟှို့တွပ် ကူညီပေးဟှယ်။ အယ်မှုကြောန့်သူဟှာ ကျင့်ကြောန့် ဖြောန့်မတ်ရှင်းဟှို ရော့‑က်ဟှားဇာ မှုဟှလော။26အယ်ကြောန့် ဝိညာဉ်မှေ့ဘဲဟှူ ကိုယ်ခန္ဓာဟှာ သေဖြစ်ဟှူမျိုးဘဲ့ ကျင်မှေ့ဘဲ့ဟှူ ယောင်ကြည်ရှင်းဟှလည်း သေဖြစ်ဟှယ်။