ပဋိညာဉ်တရားသစ်ရဲ့ ယဇ်ပုရောဟိတ်မန်းကြောန်း
1ခုပြောဟှူ ကြောန်းရာလေရဲ့ ဓိကချစ်ဟှ အယ်မျိုး ယဇ်ပုရောဟိတ်မန်းဟှာ နို့လေမာရှိဟှယ်။ ကောန်းဂန်ဘောင်မာ အနန္တတဂိုးရှင်ရဲ့ ပလ္လင်တော် ညာဖတ်မာ ထိုင်နေတော်မူဘီးဟှာ၊2လူလေဆော့‑က်ဟှူ ဇာမှုဘဲ ဘုရားသခင် ဆော့‑က်တော်မူဟှူ၊ တဲတော်စစ်မှန်ဖြစ်ဟှူ သန့်ရှင်းရာဌာနထဲမာ ကိုယ်တော်ဟှာ မှုဆောန်တော်မူလေဟှယ်။3ယဇ်ပုရောဟိတ်မန်းဆိုဇာဟှာ ပူဇော်သက္ကာန ယဇ်ဟှိုပူဇော်ဟှို့တွပ် ခန့်ဟှားသူဖြစ်ဟှူကြောန့် နို့လေရဲ့ ယဇ်ပုရောဟိတ်မန်းမာလည်း ပူဇော်ဆစ်သဟှို့တွပ် ယဇ်တခုခုရှိရဟှယ်။4ကိုယ်တော်ဟှာ အယ်လောက မ္လေဂီးထတ်မာရှိမယ် ဆိုဟှာ ယဇ်ပုရောဟိတ် လောက်ဇာကြောန်း မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပညတ်တရားတိုင်း ပူဇော်သက္ကာဟှို ဆစ်ကပ်ဟှူ ယဇ်ပုရောဟိတ်လေဟှာ လောကမာ တဘောင်ဂီး ရှိဂေ့ဟှူကြောန့်ဖြစ်ဟှယ်။5မောရှေဟှာ တဲတော်ဟှို ဆော့‑က်ဟှို့လောက်ဟှူခီဟှ “တောန်ထတ်မာ နန့်ဟှို ငါပြဟှူပေါင်စံတိုင်း ဂူလောင်းဟှို လောက်ဟှို့တွပ် ဒိပြုပါ” ဆိုဘီး ဗျာဒိတ်တော်ဟှို ခံရဟှူဇာဖြစ်ဟှူကြောန့် အယ်မူ ယဇ်ပုရောဟိတ်လေဟှာ ကောန်းဂန်ထတ်မာရှိဟှူ ရာလေရဲ့ နမူနာ ပေါင်ရိနဆိုင်ဟှူ ဝတ်ဟှို စေခံလောက်ဆောန်နေဂေ့ဇာ ဖြစ်ဟှယ်။6အယ်ဘေမဲ့ ခုခီမာ ယေရှုဟှာ ပိုဘီး မြတ်ဟှူ ဂဒိတော်လေနတည်ဘီး ပိုဘီး မြတ်ဟှူ ပဋိညာဉ်တရားရဲ့ အာမခံဖြစ်ဟှူကြောန့် ပိုဘီး မြတ်ဟှူ ယဇ်ပုရောဟိတ်ခွမ့်ရာဟှို ရတော်မူဟှယ်။7တကယ်ကြောန့် ပထမပဋိညာဉ်တရားဟှ ပြစ်တန်ခွမ့်န လွတ်ကင်းမယ် ဆိုဟှာ ဒုတိယပဋိညာဉ်တရားဟှာ တည်ဟှို့လိုအပ်ဟှ။8အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့လူမျိုးလေဟှို ပြစ်တန်ဘီး မိန့်တော်မူဟှူဇာဟှ“ဣသရေလမျိုးသားန ယုဒမျိုးသားလေတွပ်ပဋိညာဉ်တရားသစ်ဟှို ငါပြုဟှူခီကာလ ရော့‑က်လေ့မယ်။9အယ်ပဋိညာဉ်ဟှာ သူးနို့ဘိုးဘေးလေဟှိုအဲဂုတ္တုပြည်ဟှနေ လတ်ဆွဲဘီး ငါခေါ်ဆောန်လာဟှူခီဟှသူးနို့လေဟှို ပေးဖူးဟှူ ပဋိညာဉ်နတူဟှို့ မှုဟှ။သူးနို့လေဟှာ ငါပေးဟှူပဋိညာဉ်န တည်ဂေ့ဘဲကြောန့် ငါ ဘုရားသခင်လည်း သူးနို့လေဟှို ကေ့ရှုဘဲနေဟှယ်။10နော့‑က်တခီမာဣသရေလမျိုးသားလေဟှို ငါပေးမယ့် ပဋိညာဉ်တရားဟှငါဘုရားသခင်ဟှာ ငါ့ပညတ်လေဟှို သူးနို့လေရဲ့စိဝိညာဉ်ထဲဟှို သွမ်းမယ်။သူးနို့လေရဲ့ နှလောင်းမာ ရေးဟှားမယ်။ငါဟှာ သူးနို့လေရဲ့ ဘုရားဖြစ်ဘီးသူးနို့လေဟှာ ငါ့ရဲ့လူမျိုးတော် ဖြစ်ဂေ့လေ့မယ်။11ဖယ်သူလေဟှမှ ကိုယ့်မျိုးသားရှင်းဘဲ့ဖြစ်ဖြစ်၊ညီကိုရှင်းရှင်းဟှဘဲ့ဖြစ်ဖြစ်၊‘ဘုရားသခင်ဟှို သိဘဲ့လော’ ဆိုဘီး သွန်သန်ပေးဟှို့လိုဟှ။ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငယ်ဆောင်းဟှနေဘီး ကီးဆောင်းထိအယ်သူလေ ဂူလောင်းဟှာ ငါ့ဟှို သိကျွမ်းဂေ့လေ့မယ်။12ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ သူးနို့ရဲ့ ပြစ်လေဟှို သီးခံမယ်။သူးနို့လေရဲ့ တရားဘဲဟှူ ဇာလေဟှို အော့‑က်မေ့ဘဲန နေမယ်” ဆိုဘီး မိန့်တော်မူဟှယ်။13ဘုရားသခင်ဟှာ ပဋိညာဉ်သစ် ဆိုဘီး မိန့်တော်မူဟှူဇာဟှ ပထမပဋိညာဉ်တရားဟှို ဟောန်းစေတော်မူကြောန့် ဖြစ်ဟှယ်။ ရွေ့လျော့ဘီး ဟောန်းနွမ်းဟှားဟှူ ဇာဟှာ ကြာခန်မာ ပျော့‑က်ကွယ်ဟှားလေ့မယ်။