ဟေဗြဲ5tvn_twf
1လူလေထဲဟှ ဝီးကော့‑က်ခံရဟှူ ယဇ်ပုရောဟိတ်မန်းလေဟှာ ပြစ်ဖြေဟှူယဇ်န ပူဇော်သက္ကာလေဟှို လူလေကိုယ်စား ဘုရားသခင်ဟှို ဆစ်ကပ်ပူဇော်ဟှို့တွပ် ခန့်အပ်ခံရဟှူ သူဖြစ်ဟှယ်။2သူဟှာ ကိုယ်တိုင်အားနဲချစ် ရှိဟှူကြောန့် မိုက်မဲဟှူသူ၊ မှားယွင်းဟှူသူလေဟှို သီးခံဟှို့တွပ် တတ်နိုင်လေဟှယ်။3အယ်ကြောန့်လည်းဘဲ့ သူများလေရဲ့ ပြစ်တွပ်ဘဲ့မှုဘဲန သူ့ပြစ်တွပ်လည်း ပြစ်ဖြေရာယဇ်ဟှို ပူဇော်ရဟှယ်။4အယ်မျိုး ဂေါင်သရေရှိဟှူ ရပ်ရာဟှို ဖယ်သူလည်း ကိုယ့်ကိုယ်ကိုယ် ခံယူရဟှူဇာ မှုဟှ။ အာရုန်ဟှူမျိုး ဘုရားသခင် ခေါ်ယူတော်မူဟှူ ဇာအားဖြင့်ဘဲ့ ခံယူရရှိနိုင်ဟှယ်။5အယ်မျိုးဘဲ့ ခရစ်တော်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ ရပ်ရာဟှို ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဟှူ ဇာမှုဘဲ့န“နန်ဟှာ ငါ့သား ဖြစ်ဟှယ်။အယ်နေ့ဘဲ့ ငါဟှာ နန့်ရဲ့ဖ ဖြစ်လာဟှယ်” ဆိုဘီး မိန့်တော်မူဟှူ သခင်ဟှာ ခရစ်တော်ဟှို ချီးမြော့‑က်တော်မူဟှူဇာ ဖြစ်ဟှယ်။6တခြားကျမ်းလေမာလည်း“နန်ဟှာ မေလခိဇေဒက်ဟှူမျိုးထာဝရ ယဇ်ပုရောဟိတ် ဖြစ်ဟှယ်” ဆိုဘီး ပြောဟှားဟှယ်။7ခရစ်တော်ဟှာ လူ့ဇာတိန သတ်တော်ထန်ရှား ရှိနေဟှူခီဟှ သူ့ဟှို သေရှင်းဟှနေ ကယ်တန်နိုင်ဟှူ ဘုရားသခင်နားဟှို ကြွေးကြော် မျစ်ရယ်က္လဘီး ဆုတောန်းသနားခံဟှူကြောန့် အယ်မူ ကြည်ညိုမှုအားဖြင့် ဘုရားသခင်ဟှာ နားထောန်တော်မူဟှယ်။8ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှူလည်းဘဲ့ ဆင်းရဲဒေါက်ခဟှို ခံဟှူဇာအားဖြင့် နားထောန်ရှင်း ကျိုးကြောန်းဟှို သန်ယူတော်မူဘီး၊9စောင်လင်ရှင်းဟှို ရော့‑က်ဘီးမှ ယောင်ကြည်နားထောင်ဟှူ သူလေဟှို ထာဝရကယ်တန်ရှင်း ကျေးဇူးဟှို ပြုဟှူသူ ဖြစ်တော်မူဘီး၊10မေလခိဇေဒက်ဟှူမျိုးယဇ်ပုရောဟိတ်မန်း ဆိုဘီး ဘုရားသခင် သမုတ်ဇာဟှို ခံရလေဟှယ်။