ဟေဗြဲ
1
/
tvn_twf
သားတော်ဟှနေတဆစ် ပေးတော်မူဟှူ ဗျာဒိတ်တော်ကြောန်း
1
ရှေးကာလမာ ဘုရားသခင်ဟှာ ပရောဖက်လေအားဖြင့် နို့ဘိုးဘေးလေဟှို နည်းဘောန်းဇောင်န ခါဘီးခါ ဗျာဒိတ်ပေးတော်မူဟှယ်။
2
အယ်ဘေမဲ့ အယ်မူ နော့‑က်ဆောင်းဖြစ်ဟှူ ကာလမာ သားတော်အားဖြင့် နို့လေဟှို ဗျာဒိတ်ပေးတော်မူဟှယ်။ ဘုရားသခင်ဟှာ အယ်မူသားတော်ဟှို ရှိမျှဂူလောင်းရဲ့ မွီခံဖြစ်န ခန့်ဟှားဘီးဟှာ လောကဓာတ်လေဟှို သားတော်အားဖြင့် ဖန်ဆင်းတော်မူဟှယ်။
3
အယ်သားတော်ဟှာ ဘုရားသခင်ရဲ့ ဖောင်းရောန်ခြည်တော်န ဇာတိဖြစ်တော်ရဲ့ ပေါင်သဏ္ဌာန်ဖြစ်ဟှူကြောန့် တဂိုးတော်န ပ္လဲ့ဇောင်ဟှူ သူ့ရဲ့ စကားတော်အားဖြင့် ရှိမျှဂူလောင်းဟှို တည်စေတော်မူဘီး ပြစ်လေတွပ် စင်ကြယ်ရှင်းဝတ်ဟှို ပြုဘီးဟှာ ဗြင့်ဟှူရပ် ထတ်ကောန်းဂန်မာ အနန္တတဂိုးရှင် ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်နေတော်မူလေဟှယ်။
သားတော်ဟှာ ကီးမြတ်တော်မူဟှူကြောန်း
4
သားတော်ဟှာ ကောန်းဂန်တမန်လေထတ် ကီးမြတ်ဟှူ ဘွဲ့နာမတော်ဟှိုခံရဟှူမျိူး ကောန်းဂန်တမန်လေထတ် ကီးမြတ်ဟှူသူလည်း ဖြစ်တော်မူဟှယ်။
5
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ ဖယ်ကောန်းဂန်တမန်လေဟှိုမှ၊
“နန်ဟှာ ငါ့သား ဖြစ်ဟှယ်။
အယ်နေ့ဘဲ့ နန့်ဟှို ငါဖွားမြင်စေဘီ” ဆိုဟှူဇာန၊
“ငါဟှာ သူ့ဖ ဖြစ်မယ်။
သူလည်း ငါ့သား ဖြစ်လေ့မယ်” ဆိုဘီး
ဖယ်ခါဒူးဟှ မိန့်တော်မူဖူးနူး။
6
နော့‑က်ဘီး ဘုရားသခင်ဟှာ သူ့ရဲ့ သားဦးဟှို အယ်လောကဟှို စေလွှတ်တော်မူဟှူ ခီမာ၊
“ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေ ဂူလောင်းဟှာ ပျပ်ဝပ်ကိုးကွယ်ရမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
7
နော့‑က်ဘီး ကောန်းဂန်တမန်လေန ပတ်သတ်ဘီး ဖော်ပြရာမာ၊
“ဘုရားသခင်ဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို ဝိညာဉ်မျိုးရော၊
သူ့ရဲ့ စေခံလေဟှို မီးလျှံမျိုးရော ဖြစ်စေတော်မူဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
8
အယ်ဘေမဲ့ သားတော်ဟှို မိန့်တော်မူဟှူ ခီမာ ကိုယ်တော်ဟှ၊
“အို၊ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရာဇပလ္လင်ဟှာ ကမ္ဘာဆစ်ဆစ် တည်လေ့မယ်။
info
ကိုယ်တော်ရဲ့
info
နိုင်ငံဟှာ တရားသဖြင့်စီရင်ဟှူ နိုင်ငံဖြစ်ပါဟှယ်။
9
ကိုယ်တော်ဟှာ ဖြောန့်မတ်ဟှူ တရားဟှို ရှစ်မြတ်နိုးဘီး တရားဘဲဟှူ ဇာလေဟှို မူးတော်မူဟှယ်။
အယ်ကြောန့် အို၊ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ဘုရားသခင်ဟှာ
ကိုယ်တော်ရဲ့ ပေါန်းဖော်လေထတ် ကိုယ်တော့်ဟှို ချီးမြော့‑က်ဘီး
ရွှင်လန်းဝန်းသာဟှူ ဆီန ဘိသိက်ပေးတော်မူဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
10
နော့‑က်ဘီး၊
“အို၊ ဘုရားသခင်၊ ကိုယ်တော်ဟှာ ဦးဆောင်း မ္လေဂီးဟှို တည်တော်မူပါဟှယ်။
ကောန်းဂန်ဟှိုလည်း လတ်တော်န ဖန်ဆင်းတော်မူဟှူဇာ ဖြစ်ပါဟှယ်။
11
အယ်မူဇာလေဟှာ ပျစ်စီးသွားရဟှူလည်းဘဲ့ ကိုယ်တော်ဟှာ မြဲဒမ်း တည်တော်မူဟှယ်။
အယ်မူဇာလေ ရှိဟှူမျှဟှာ ဝတ်လေမျိုး ဟောန်းနွမ်းဟှားလေ့မယ်။
12
ကိုယ်တော်ဟှာ အယ်ဇာလေဟှို ဝတ်လောင်လိဟှူမျိုး လိတော်မူလေ့မယ်။
အယ်ဇာလေဟှာ ဝတ်လောင်ဟှူမျိုး ပ္လောန်းလဲဟှားလေ့မယ်။
အယ်ဘေမဲ့ ကိုယ်တော်ဟှာ ပ္လောန်းလဲတော်မူဟှ။
သတ်တော်လည်း ကူဆောင်းဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
13
နော့‑က်ဘီး ဘုရားသခင်ဟှ၊
“နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေဖွားအော့‑က်ဟှို ငါခ္လထားခန်ခီထိ၊
ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ” ဆိုဘီး
ဖယ်ကောန်းဂန်တမန်လေဟှို မိန့်ဖူးဟှူကြောန့်နူး။
14
ကောန်းဂန်တမန်လေဟှာ ကယ်တန်ရှင်းမွီဟှို ခံရဟှို့ သူလေဟှို ပြုစုစောန့်ရှော့‑က်ဟှို့တွပ် ဘုရားသခင် စေလွှတ်တော်မူဟှူ စေခံဝိညာဉ်လေ ဖြစ်ဂေ့ဟှယ် မှုဟှလော။
Powered by Seed Bible API
expand_more
Search
All books
Old Testament
New Testament
chevron_left
Previous Chapter
Books
search
Search
explore
Discover
share
Share
chevron_right
Next Chapter