၃ ယောဟန်1tvn_twf
1သတ်ကီးဟှူ သူဟှာ — သမ္မာတရားအားဖြင့် ငါရှစ်ရဟှူ ဂါယုနားဟှို စာရေးလိုက်ပါဟှယ်။2ရှစ်ရဟှူမိဆွေ၊ နန့်စိနှလောင်း ကောန်းစားဟှူမျိုး နန်ဟှာ ရာရာမာ ကောန်းစားဘီး ကျန်းမာဟှို့တွပ် ငါဆုတောန်းပါဟှယ်။3နန်ဟှာ သမ္မာတရားန ကျင်လည်သတ်ရှင်ဟှူတိုင်း နန့်မာရှိဟှူ သမ္မာတရားကြောန်းဟှို ညီကို မောန်နှမလေ လာဘီးဟှာ သတ်သေခံဟှူ ခီမာ ငါဟှာ ရရာတိုင်း ဝန်းသာရဟှယ်။4ငါ့သားမီးလေဟှာ သမ္မာတရားန ကျင်လည်နေဟှယ် ဆိုဇာဟှို ငါကြားရဟှူကြောန့် ဝန်းမြော့-က်ရှင်းထတ်သာဟှူ ဝန်းမြော့-က်ရှင်းမျိုးမှေ့ဟှ။