ပဋိညာဉ်တရားသစ်ရဲ့ စေခံလေကြောန်း
1အယ်မျိုးပြောဇာဟှာ နို့လေဟှာ ဝါကြွားဇာဖြစ်ဟှားလော။ တချို့လူလေမျိုး နို့လေဟှာ ထော့‑က်ခံစာလေဟှို နန်းနို့ဟှို ပေးဟှို့တွပ် လိုဘဲ့လော။ အယ်မျိုးမှုဘဲနေဟှာ နန်းနို့နားမာ နို့လေဟှာ ထော့‑က်ခံစာလေဟှို တောန်းရဟှို့လော။2နန်းနို့ကိုယ်တိုင်ဘဲ့ နို့လေရဲ့ ထော့‑က်ခံစာလေ ဖြစ်ဂေ့ဟှယ်။ အယ်စာဟှို လူတိုင်းဖတ်နိုင်ဘီး သိနိုင်ဟှို့တွပ် နို့လေရဲ့ နှလောင်းသားထဲမာ ရေးဟှားဟှယ်။3အယ်စာဟှို ခရစ်တော်ကိုယ်တိုင်ဟှ ရေးဘီး ပေးပို့လိုက်ဇာဟှာ ထန်ရှားဟှယ်။ အယ်စာဟှာ မှန်ရယ်န ရေးဟှားဟှူစာ မှုဟှ။ အယ်ဘေမဲ့ သတ်ရှင်ဟှူဘုရားသခင်ရဲ့ ဝိညာဉ်တော်န ရေးဟှားဟှူစာ ဖြစ်ဟှယ်။ အယ်စာဟှို က္လော့‑က်ပ္လားထတ်မာ ရေးဘဲန လူ့နှလောင်းသား က္လော့‑က်ပ္လားထတ်မာ ရေးဘီး နို့လေပြုစုဟှားဟှူ ခရစ်တော်ဟှို ထန်ရှားစေဟှူ စာဖြစ်ဟှယ်။4နို့လေဟှာ ခရစ်တော်ဟှို မှီပြုဘီး ဘုရားသခင်ရဲ့ရှေ့မာ အယ်မျိုး ယောင်ကြည်စိခ္လမှုဟှို ရဂေ့ဟှယ်။5အယ်ကြောန့် နို့လေဟှာ အယ်မှုဟှို ထမ်းဆောန်နိုင်ဟှယ်ဆိုဇာ ပြောနိုင်ဟှို့တွပ် နို့လေမာ ဖြားစွမ်းရည် သတ်တိလေလည်း မှေ့ဟှ။ နို့လေမာရှိဟှူ စွမ်းရည်ဟှ ဘုရားသခင်နားဟှဘဲ့ ရလာဟှယ်။6နို့လေဟှာ ပဋိညာဉ်တရားသစ်တွပ် မှုဆောန်နိုင်ဟှို့တွပ် ဘုရားသခင်ဟှာ နို့လေဟှို စွမ်းသတ်တိလေဟှို ပေးဟှားဟှယ်။ အယ်ပဋိညာဉ် တရားသစ်ဟှ အက္ခရာတန်ဟှားဟှူ ပညတ်တရား မှုဟှ။ ဝိညာဉ်တော်တရား ဖြစ်ဟှယ်။ အက္ခရာတန်ဟှားဟှူ ပညတ်ဟှာ သတ်ဟှို သေစေတတ်ဘေမဲ့ ဝိညာဉ်တော်ဟှာ သတ်ရှင်စေဟှယ်။7က္လော့‑က်ပ္လားထတ်မာ အက္ခရာတန်ဟှားဟှူ သေတတ်ဟှူ မှုဟှာလည်း ဘုရားသခင်ရဲ့ ဖောင်းသရေတော်န ရော့‑က်လာဟှယ်။ အယ်ကြောန့် မောရှေရဲ့ မျစ်နှာမာ တော့‑က်ပမှုဟှာ ရောန်မှေးလာဘေမဲ့လည်း ဖောင်းသရေတော်ကြောန့် ဣသရေလ လူမျိုးလေဟှာ သူ့ဟှို စေ့စေ့ကေ့နိုင် ဂေ့ဟှ ဆိုဟှာ8ဝိညာဉ်တော်န ဆိုင်ဟှူ မှုဟှာ ပိုဘီး ဟှာ ဖောင်းသရေတော်န တော့‑က်ပလေ့မယ် မှုဟှလော။9ပြစ်ဒန်စီရင်ဇာန ဆိုင်ဟှူ ဇာဟှာ ဖောင်းသရေတော်န ပ္လဲ့ဇောင်ဟှယ် ဆိုဟှာ ဖြောန့်မတ်ရှင်းန ဆိုင်ဟှူ ဇာဟှာ ပိုဘီး ကီးမားဟှူ ဖောင်းသရေတော်န ပ္လဲ့ဇောင်လေ့မယ်။10ခုခါမာ ရရာတိုင်း မြတ်ဟှူ ဖောင်းသရေတော်ကြောန့် ရင်းရင်ဒူးဟှ ရရာတိုင်း တော့‑က်ပဟှူ ဖောင်းသရေတော်ဟှာ ပျော့‑က်ကွယ်ဟှားဟှယ်။11ရှစ်ဟှားဘဲ့ တည်ဟှူဇာဟှာ ရှိဖူးဟှယ် ဆိုဟှာ ထာဝရတည်ဟှူဇာမာ ဖယ်မျှထိ ပိုဘီး ဟှာ ဂေါင်သရေ ရှိလေ့မယ်နူး။12နို့လေဟှာ အယ်မျိုး မျှော်လင့်ဇာရှိဟှူကြောန့် ရရာတိုင်း ရဲရင့်ဂေ့ဟှယ်။13နို့လေဟှ မောရှေမျိုး မှုဟှ။ သူ့မျစ်နှာမာ ရရာတိုင်း တော့‑က်ပဟှူရောန်ဟှ မှေးဟှားဘီး ပျော့‑က်ဟှားဟှူဇာဟှို ဣသရေလလူမျိုးလေဟှ ဗြင်နိုင်ဘဲ့နေအောန် မျစ်နှာဟှို ပဝါန ဖောင်းဟှားရဟှယ်။14ဣသရေလလူမျိုးလေရဲ့ စိနှလောင်းဟှာ ထိုင်းမှိုင်းဘီးနေဟှယ်။ ခုခီထိဘဲ့ ပဋိညာဉ်တရားဟောန်းဟှို ဖတ်ဟှူခါတိုင်းမာ သူးနို့ စိနှလောင်းဟှာ အယ်ပဝါန ဖောင်းဟှားဘီး ရှိနေဟှယ်။ ခရစ်တော်နှိုက် ပဝါဟှို ဖယ်ပစ်နိုင်ဟှယ်။15ခုထတ်ထိဘဲ့ မောရှေရဲ့ ပညတ်ကျမ်းဟှို ဖတ်ဂေ့ဟှူ ခီမာလည်း သူးနို့ရဲ့ စိနှလောင်းဟှာ ပဝါန ဖောင်းဟှားမျိုးဘဲ့ ရှိသေးဟှယ်။16အယ်ဘေမဲ့ သူဟှာ သခင်ဘုရားနားဟှို ပ္လောန်းလဲလာဟှူ ခီမာ သူ့ရဲ့ ဖောင်းဟှားဟှူပဝါဟှာ ဖယ်ရှားခံလိုက်ရဟှယ်။17အယ်ကြောန့် “သခင်ဘုရား” ဆိုဘီး ခေါ်ဇာဟှာ ဝိညာဉ်တော်ဟှို ခေါ်ဇာဖြစ်ဟှယ်။ သခင်ဘုရားရဲ့ ဝိညာဉ်တော်ရှိဟှူ နေရာမာ လွတ်လပ်မှုရှိဟှယ်။18အယ်ကြောန့် နို့လေဂူလောင်းဟှာ မျစ်နှာဖောင်းမှေ့ဘဲန သခင်ဘုရားရဲ့ ဖောင်းသရေတော်ဟှို ရောန်ပ္လန်ဟပ်ဘီး ရှိဂေ့ဟှယ်။ ဝိညာဉ်တော်တရားဖြစ်ဟှူ သခင်ဘုရားလွှတ်လိုက်ဟှူ ဖောင်းသရေတော်ဟှာ နို့လေဟှို မြဲဒမ်းဖောင်းသရေတော် တိုးပွားစေဘီး ကိုယ်တော်ရဲ့ ပေါင်သဏ္ဌာန်တော်နတူးဒူ ပ္လောန်းလဲခံရဂေ့ဟှယ်။