ခရစ်တော် သေခံတော်မူဟှူကြောန်းဖြစ်ဟှူ တရားတော်
1ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့လေနားဟှို ရော့‑က်လာဟှူ ခီမာ ထူးမြတ်ဟှူစကားန ထူးမြတ်ဟှူပညာအားဖြင့် ဘုရားသခင်ရဲ့ နတ်နဲဟှူ သမ္မာတရားဟှိုနန်းနို့လေဟှို ဟောပြောဇာ မှုဟှ။2ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ နန်းနို့လေနတူးဒူ ရှိနေခီဟှ ယေရှုခရစ်တော်ရဲ့ကြောန်း ထူးသဖြင့် လတ်ဝါးကပ်တိုင်မာ သေခံဟှူ ကြောန်းရာဟှလွဲဘီး တခြားဖယ်ဇာလေဟှိုမှ သိမှတ်ဘဲနေဟှို့တွပ် ဆောင်းဖြတ်ဟှားပါဟှယ်။3အယ်ကြောန့် နန်းနို့လေန ငါတူးဒူရှိဟှူခီဟှ အားနဲဘီး ကြော့‑က်ရွံ့ တူလှောက်မှုန နေရဟှယ်။4ငါဟောပြောဟှူ တရားစကားဟှာ လူလေရဲ့ ပညာအားဖြင့် တည်ဘီးပြောဟှူဇာ မှုဟှ။ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တဂိုးပါဟှူ စကားလေဟှိုဘဲ့ ငါဟောပြောဟှယ်။5အယ်ကြောန့် နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှာ လူလေရဲ့ ဉာဏ်ပညာထတ်မာ တည်ဟှူဇာမှုဘဲန ဘုရားသခင်ရဲ့ တဂိုးထတ်မာဘဲ့ တည်ဟှူဇာဖြစ်ဟှယ်။ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ကြောန်း
6အယ်ဘေမဲ့လည်း နို့လေဟှာ စောင်လင်ဟှူသူလေထဲမာ ပညာစကားဟှိုပြောဆိုဟှယ်။ အယ်ဘေမဲ့ အယ်ပညာဟှာ လောကီပညာဟှို ပြောရှင်ဇာ မှုဟှ။ ပယ်ဖျစ်ခံရမယ့် လောကီမန်းလေရဲ့ ဉာဏ်ပညာလည်း မှုဟှ။7အယ်လောက တည်ခန်ကဒဲဟှ နို့လေရဲ့ ဖောင်းသရေတော်ဖြစ်ဟှို့တွပ် ဘုရားသခင်စီရင်ဟှားဟှူပညာ၊ နတ်နဲဟှူရာနှိုက် ဝှတ်ဟှားဟှူ ဘုရားသခင်ရဲ့ပညာဟှို နို့လေပြသဂေ့ဟှယ်။8အယ်ပညာဟှို လောကီမန်းလေ တယော့‑က်လည်း သိဂေ့ဟှ။ တကယ်ဟှိ သိမယ် ဆိုဟှာ ဖောင်းကီးတော်မူဟှူ အယ်သခင်ဟှို လတ်ဝါးကပ်တိုင်မာ တန်သတ်ဂေ့ဟှို့ မှုဟှ။9အယ်ဘေမဲ့လည်း ကျမ်းစာလာဟှူတိုင်းဘဲ့“ဖယ်သူလည်းဘဲ့ ဗြင်ဖူးဟှ၊ဖယ်သူလည်း ကြားဖူးဟှ၊ဖယ်သူလည်း စိနှလောင်းထဲဟှ ကြံစည်သေးဘဲဟှူ ရာလေဟှို ဘုရားသခင်ဟှာ သူ့ဟှို ရှစ်ဟှူ သူလေတွပ် ပြင်ဆင်ဟှားလေဟှယ်။”10အယ်ဘေမဲ့ဘုရားသခင်ဟှာ အယ်ရာလေဟှို သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် နို့လေဟှို ဖော်ပြပေးတော်မူဟှယ်။ ဝိညာဉ်တော်ဟှလည်း ဘုရားသခင်ရဲ့ နတ်နဲဟှူ ရာလေထိအောန် ရှိမျှဂူလောင်းဟှို စစ်တော်မူဟှယ်။11နို့လေရဲ့ ထဲမာရှိဟှူ နတ်နဲဟှူ ကြောန်းရာလေဟှို နို့လေရဲ့ စိဝိညာဉ်ဟှလွဲဘီး ဖယ်သူဟှ သိဟှိကြောန့်နူး။ အယ်မူတိုင်းဘဲ့ ဘုရားသခင်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှလွဲဘီး ဖယ်သူလည်း သိနိုင်ဟှ။12နို့လေဟှာ အယ်လောကန ဆိုင်ဟှူ ဝိညာဉ်ဟှို ခံယူဂေ့ဟှူဇာ မှုဟှ။ ဘုရားသခင် ပေးတော်မူဟှူ ရာလေဟှို သိဟှို့တွပ် ဘုရားသခင်နားဟှ ကြွလာဟှူ ဝိညာဉ်တော်ဟှို ခံရဂေ့ဇာဖြစ်ဟှယ်။13ဘုရားသခင် ပေးတော်မူဟှူ ရာလေဟှို နို့လေဟှာ လူ့ရဲ့ပညာအားဖြင့် ဟောပြောဟှူဇာ မှုဟှ။ အယ်ဘေမဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဝိညာဉ်န စပ်ဆိုင်ဟှူ ရာဟှို ဝိညာဉ်စကားအားဖြင့် ဖွမ့်ပြဘီး ပဲ့ပြင်တော်မူဟှူ စကားအားဖြင့် နို့လေဟောပြောဟှယ်။14ဇာတိလူဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်ရေးရာန ဆိုင်ဟှူ ရာလေဟှို ခံယူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူရာလေဟှာ သူ့တွပ် မိုက်မဲဟှူ ဇာလေဖြစ်ဟှယ် ဆိုဘီး ထန်မှတ်တတ်လေဟှယ်။ အယ်မူရာလေဟှို ဝိညာဉ်တော်အားဖြင့်ဘဲ့ ပိုင်းခြားဘီး နားလည်နိုင်ဟှူကြောန့် ဇာတိလူဟှာ နားလည်ဟှ။15ဝိညာဉ်လူဟှာ အယ်မူဇာလေ ဂူလောင်းဟှို ပိုင်းခြားဘီး နားလည်တတ်ဟှယ်။ အယ်ဘေမဲ့ အယ်သူဟှို ဖယ်သူလည်း ပိုင်းခြားဘီး သိနိုင်ဟှ။16ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှဘုရားသခင်ရဲ့ စိတော်ဟှို ဖယ်သူသိနူး။ဖယ်သူဟှာ ကိုယ်တော့်ဟှို ကြံဉာဏ်ပေးနိုင်နူးဆိုဘီး ဖော်ပြဟှားလေဟှယ်။ အယ်ဘေမဲ့ နို့လေဟှာ ခရစ်တော်ရဲ့စိဟှို ခံရဂေ့ဟှယ်။