ဗျာဒိတ်တော်1rki_twf
1ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော့်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။2ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှုခရစ်တော်၏ သက်သီခံတော်မူချက်တိကို မိမိမြင်တွိ့ရသည်အတိုင်း သက်သီခံလေ၏။3ကာလအချိန် နီးကပ်ပြီဖြစ်၍ ဤ ပရောဖက်ပြုဟောပြောထားသော စကားတိကို ဖတ်ရှုသောသူနှင့် ဤစကားတိကို ကြား၍ လိုက်နာကျင့်သုံးသောသူရို့သည် မင်္ဂလာဟိကြ၏။
ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊6မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။7ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော့်ကို လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။8အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
အသင်းတော် ခုနစ်ပါးသို့ နှုတ်ဆက်ခြင်း
4ငါ ယောဟန်ပါးမှ၊ အာယှိပြည်၌ဟိသော အသင်းတော် ခုနစ်ပါးသို့ စာရီးလိုက်ပါ၏၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ အစဉ်ဟိတော်မူသော ဘုရားသခင်ထံတော်မှ လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်ရှိ့၌ ဟိသော ဝိညာဉ်ခုနစ်ပါးထံမှ လည်းကောင်း၊5သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊6မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။7ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော့်ကို လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။8အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။