မဿဲ1rki_twf
ယေသျှုခရစ်၏ ဆွီစဉ်မျိုးဆက်များ
1အာဗြဟံ၏အနွယ် ဒါဝိဒ်၏အမျိုးမှ ဆင်းသက်လာသော ယေသျှု ခရစ်တော်၏ ဆွီစဉ်မျိုးဆက်စာရင်းမှာ ဤသို့ဖြစ်၏။2အာဗြဟံသည် ဣဇာက်၏ အဖ ဖြစ်၏၊ ဣဇာက်သည် ယာကုပ်၏ အဖ၊ ယာကုပ်သည် ယုဒနှင့် သူ့ညီအစ်ကို မောင်နှမတစ်စု၏ အဖ၊3ယုဒသည် မယားတမာနှင့် မွီးသောသား ဖာရက်နှင့် ဇာရရို့၏ အဖ၊ ဖာရက်သည် ဟေဇရုံ၏ အဖ၊ ဟေဇရုံသည် အာရံ၏ အဖ၊4အာရံသည် အမိနဒပ်၏ အဖ၊ အမိနဒပ်သည် နာရှုန်၏ အဖ၊ နာရှုန်သည် စာလမုန်၏ အဖ၊5စာလမုန်သည် မယားရာခပ်နှင့် မွီးသော ဗောဇ၏ အဖ၊ ဗောဇသည် မယားရုသနှင့် မွီးသော သြဗက်၏ အဖ၊ သြဗက်သည် ယေသျှဲ၏ အဖ၊6ယေသျှဲသည် ဒါဝိဒ်မင်းကြီး၏ အဖ ဖြစ်၏။ဒါဝိဒ်မင်းကြီးသည် မယားဥရိယနှင့် မွီးသော သျှောလမုန်၏ အဖ၊7သျှောလမုန်သည် ရောဗောင်၏ အဖ၊ ရောဗောင်သည် အဘိယ၏ အဖ၊ အဘိယသည် အာသ၏ အဖ၊8အာသသည် ယောသျှဖတ်၏ အဖ၊ ယောသျှဖတ်သည် ယဟောရံ၏ အဖ၊ ယဟောရံသည် ဩဇိ၏ အဖ၊9ဩဇိသည် ယောသံ၏ အဖ၊ ယောသံသည် အာခတ်၏ အဖ၊ အာခတ်သည် ဟေဇကိ၏ အဖ၊10ဟေဇကိသည် မနာသျှေ၏ အဖ၊ မနာသျှေသသည် အာမုန်၏အဖ၊ အာမုန်သည် ယောသျှိ၏ အဖ၊11ဗာဗုလုန်ပြည်သို့ ဣသရေလအမျိုးသားတိအား ဖမ်းဆီးခေါ်ဆောင်လားချိန်၌ ယောသျှိသည် ယေခေါနိနှင့် သူ၏ညီအစ်ကိုများ၏ အဖ ဖြစ်ကြ၏။12ဗာဗုလုန်ပြည်မှ ဣသရေလလူမျိုးတိ ပြန်လာပြီးနောက်၊ ယေခေါနိသည် သျှာလသေလ၏ အဖ ဖြစ်၏။ သျှာလသေလသည် ဇေရုဗဗေလ၏ အဖ၊13ဇေရုဗဗေလသည် အာဗျုဒ်၏ အဖ၊ အာဗျုဒ်သည် ဧလျှာကိမ်၏ အဖ၊ ဧလျှာကိမ်သည် အာဇော်၏ အဖ၊14အာဇော်သည် ဇာဒုတ်၏ အဖ၊ ဇာဒုတ်သည် အာခိမ်၏ အဖ၊ အာခိမ်သည် ဧလုဒ်၏ အဖ၊15ဧလုဒ်သည် ဧလာဇာ၏ အဖ၊ ဧလာဇာသည် မဿန်၏ အဖ၊ မဿန်သည် ယာကုပ်၏ အဖ16ယာကုပ်သည် မာရိ၏ လင်ယောက်ျား ယောသပ်၏ အဖ၊ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေသျှုကို မွီးသော အမိ ဖြစ်၏။17ဤကား အာဗြဟံမှ ဒါဝိဒ်အထိ ဆွီစဉ်မျိုးဆက် တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဗာဗုလုန်ပြည်သို့ ဣသရေလလူမျိုးတိကို အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အချိန်ထိ တစ်ဆယ့်လေးဆက်၊ ဗာဗုလုန်ပြည်မှ ထွက်လားသော အချိန်မှ ခရစ်တော်မွီးဖွားသည့် အချိန်ထိ ဆွီစဉ်မျိုးဆက် တစ်ဆယ့်လေးဆက် ဖြစ်၏။