ဟေဗြဲ5rki_twf
1ယဇ်ပုရောဟိတ်မင်းဟူသည်မှာ အပြစ်ဖြေရန်အတွက် ယဇ်ပူဇော်မှုများကို ဆောင်ရွက်ခြင်းနှင့် ပူဇော်သကာများကို ဆက်သခြင်းဖြင့် ဘုရားသခင်၏အမှုတော်မြတ်ကို မိမိရို့၏ကိုယ်စား ဆောင်ရွက်စီခြင်းငှာ လူတိက ရွီးချယ်ခန့်ထားသောသူ ဖြစ်၏။2သူသည် မိမိကိုယ်တိုင်လည်း အားနည်းချက် များစွာဟိသောကြောင့် အသိပညာခေါင်းပါးသောသူတိနှင့် မှားယွင်းသောသူတိကို သည်းခံနိုင်၏။3ထို့အပြင် သူသည် မိမိကိုယ်တိုင် အားနည်းချက်ဟိသည်ဖြစ်၍ လူရို့၏အပြစ်အတွက်သာမက မိမိအပြစ်အတွက်ပါ ပူဇော်သကာများကို ဆက်သရ၏။4မည်သူမျှ မိမိကိုယ်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် မချီးမြှောက်နိုင်။ လူတစ်ယောက်သည် အာရုန်ကဲ့သို့ ယဇ်ပုရောဟိတ်မင်း ဖြစ်ခြင်းငှာ ဘုရားသခင်၏ ခေါ်တော်မူခြင်းအားဖြင့်သာ ဖြစ်နိုင်ပေ၏။5တစ်နည်းအားဖြင့်ဆိုသော် ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအဖြစ် မိမိကိုယ်ကို ချီးမြှောက်သည် မဟုတ်ပေ။“သင်သည် ငါ့သားဖြစ်၏။ဤနိ့တွင် ငါသည် သင်၏အဖ ဖြစ်လေပြီ” ဟူ၍ ဘုရားသခင်က ကိုယ်တော့်ကို မိန့်တော်မူလေ၏။6ဘုရားသခင်က အခြားသောကျမ်းချက်၌ မိန့်တော်မူခသည်မှာ၊“သင်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌၊ထာဝရယဇ်ပုရောဟိတ်မင်း တစ်ပါးဖြစ်လိမ့်မည်” ဟူ၍ ဖြစ်၏။7ယေသျှုသည် လောကတွင် အသက်ရှင်စဉ်ကာလ၌ မိမိအား သီခြင်းတရားမှ ကယ်တင်နိုင်သော ဘုရားသခင်၌ ငိုယို၍ မျက်ရည်ကျလျက် တောင်းပန်၍ ဆုတောင်းပတ္ထနာ ပြုခ၏။ ကိုယ်တော်သည် စိတ်နှလုံးနှိမ့်ချလျက် အလိုတော်ကို ဝန်ခံတော်မူသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလေ၏။8ကိုယ်တော်သည် ဘုရားသခင်၏သားဖြစ်သော်လည်း ဆင်းရဲဒုက္ခကို ခံယူ၍ နာခံတတ်ရန် သင်ယူတော်မူခ၏။9ထို့ကြောင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်သောအခါ မိမိကို နာခံသောသူအပေါင်းရို့အား ထာဝရကယ်တင်ခြင်းကို ပီးသောအသျှင် ဖြစ်လာတော်မူ၏။10ထိုသို့ဖြင့် ဘုရားသခင်က ကိုယ်တော့်ကို မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌ခန့်အပ်တော်မူ၏။