ဟေဗြဲ1rki_twf

သားတော်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်

1ဘုရားသခင်သည် အတိတ်ကာလ၌ ပရောဖက်တိမှတစ်ဆင့် ငါရို့ အဖိုး အဖီးတိကို နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် မိန့်မှာတော်မူခ၏။2သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။3သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။

ဘုရားသခင်သားတော်၏ ကြီးမြတ်တော်မူခြင်း

4ဘုရားသခင်သည် ထိုသားတော်အား ကောင်းကင်တမန်ရို့ရသော ဘွဲ့နာမထက် သာ၍ ကြီးမြတ်တော်မူသော ဘွဲ့နာမတော်ကို ချီးမြှောက်တော်မူသည်နှင့်အညီ ကိုယ်တော်သည် ထိုကောင်းကင်တမန်တိထက် သာ၍ ကြီးမြတ်တော်မူ၏။5အကြောင်းမူကား ဘုရားသခင်က၊“သင်သည် ငါ့သား ဖြစ်၏၊အေနိ့၌ ငါသည် သင်၏အဖ ဖြစ်၏” ဟူ၍လည်းကောင်း၊“ငါသည် သူ၏အဖ ဖြစ်လိမ့်မည်၊သူသည်လည်း ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်းမိမိ၏ မည်သည့် ကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။
6သို့ရာတွင် ဘုရားသခင်က မိမိ၏ သားဦးကို ဤလောကထဲသို့ စီရွှတ်တော်မူသောအခါ၌၊“ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းရို့သည် ကိုယ်တော့်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။7သို့ရာတွင် ဘုရားသခင်က ကောင်းကင်တမန်တိ အကြာင်းကို မိန့်တော်မူသည်ကား၊“ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်ရို့ကို လီကဲ့သို့ လည်းကောင်း၊မိမိ၏အခိုင်းအစီများကို မီးတောက် မီးလျှံကဲ့သို့ လည်းကောင်း ဖြစ်စီတော်မူ၏” ဟူ၍ ဖြစ်သည်။
8သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။ကိုယ်တော်သည် မိမိ၏လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။9ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူ၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော့်ကို ရွီးချယ်၍ မိမိ၏ အပေါင်းအဖော်ရို့ထက် ပို၍ ချီးမြှောက်ကာ ဝမ်းမြောက်ခြင်းကို ပီးတော်မူသည်” ဟု မိန့်တော်မူ၏။
10ထို့နောက် ကိုယ်တော့်ကို တဖန် မိန့်တော်မူသည်မှာ၊“သခင်ဘုရား ကိုယ်တော်သည် အစဦး၌ မြီးကြီးကို ဖန်ဆင်းတော်မူပြီး၊မိမိလက်တော်ဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။11ထိုအရာများသည် ပျောက်ကွယ်လားကြသော်လည်း ကိုယ်တော်သည် အမြဲ တည်တော်မူ၏။ထိုအရာအားလုံးသည် အဝတ်များကဲ့သို့ ဟောင်းနွမ်းလားကြလိမ့်မည်။12ကိုယ်တော်သည် ထိုအရာများကို ဝတ်ရုံကဲ့သို့ လိပ်တော်မူလိမ့်မည်ဖြစ်၍ထိုအရာများသည် အဝတ်ကဲ့သို့ ပြောင်းလဲလားသော်လည်း၊ကိုယ်တော်သည် ထာဝရ တည်တော်မူလိမ့်မည်။ကိုယ်တော်၏ အသက်တော်သည် မည်သည့်အခါမျှ ကုန်ဆုံးလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
13ဘုရားသခင်သည်၊“သင်၏ရန်သူတိကို သင်၏ ခြီအောက်၌သင်၏ ခြီတင်ရာခုံ အဖြစ် ငါ ချထားသည့်တိုင်အောင်ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့” ဟု ဇာကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။14သို့ဖြစ်၍ ကောင်းကင်တမန်တိကား ဇာသူတိလဲ၊ ထိုသူရို့သည် ကယ်တင်ခြင်းကို အမွီခံရမည့်သူရို့အား ကူညီရန် ဘုရားသခင် စီရွှတ်တော်မူသော ကိုယ်တော်၏အစီခံ ဝိညာဉ်များ ဖြစ်ကြ၏။