၃ ယောဟန်1rki_twf
1အသက်ကြီးသူဖြစ်သော ငါသည် — စစ်မှန်သောမေတ္တာနှင့် ချစ်ခင်မြတ်နိုးရသော ဂါယုပါးသို့ စာရီးလိုက်၏။2အဆွီ၊ သင်၏ စိတ်ဝိညာဉ် တိုးတက်ကြီးပွားသကဲ့သို့ အရာရာ၌ တိုးတက်ကြီးပွား၍ ကျန်းမာစီရန် ငါဆုတောင်း၏။3သင်သည် သမ္မာတရားကို အမြဲတစီ လိုက်လျှောက်ခသည့်အတိုင်း သမ္မာတရားကို သစ္စာနှင့် လိုက်လျှောက်လျက် ဟိကြောင်းကို ညီအစ်ကို မောင်နှမ တချို့သည် ငါ့ပါးသို့ ရောက်လာ၍ ပြောပြကြသဖြင့် ငါသည် အလွန်ဝမ်းသာ၏။4ငါ့သားသမီးရို့သည် သမ္မာတရားအတိုင်း လိုက်လျှောက်ကြသည့် အကြောင်းကို ကြားရသည်ထက် သာ၍ ငါ့ကို ဝမ်းသာစီသောအရာ မဟိ။