ဟေဗြဲ1dnv_twf

သားတော်အားဖြင့် ဘုရားသခင်ရဲ့ စကား

1ဆေ့ကာလတွင် ဘုရားသခင်ဟ ပရောဖက်များအားဖြင့် ငါလို့ ဘိုးဘေးလို့အား ကာလအပိုင်းအခြား အမျိုးမျိုးလို့နှိုက် နည်းမျိုးစုံဖြင့် စကားပြောအယ်၊2အားပေမဲ့ ဟေနောက်ဆုံးသော နေ့ရက်များတွင် သားတော်အားဖြင့် ငါလို့အား စကားပြောအယ်၊ အဲသားတော်အားဖြင့် စကြာဝဠာဟို ဖန်ဆင်းယွေ့ နောက်ဆုံးနှိုက် အလုံးစုံဟို ပိုင်သစေရန် သားတော်ဟို ခန့်ထားအယ်။3သားတော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ထွန်းလင်းတောက်ပလျက် ဆိပင်း ကိုယ်တော်ဟ ဘုရားသခင်ရဲ့ ဇာတိအဖြစ်လို့ဟို မန်ကန်သော ပုံသဏ္ဌာန်ဖြစ်လျက် မိမိရဲ့ တန်ခိုးနဲ့ ပြေ့စုံသော အမိန့်အားဖြင့် အရာခပ်သိမ်းဟို တည်နေစေအယ်။ ကိုယ်တော်ဟ လူသားလို့အား အပစ်များမှ စင်ကြယ်စေရန် ဆောင်ရွက်ပင်းနောက် မြင့်သောအရပ်တွင် ဆိသော အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်နေအယ်။

ဘုရားသခင် သားတော်ရဲ့ ကြီးမြတ်မှု

4သားတော်အား ဘုရားသခင် ပေးအပ်သော ဘွဲ့နာမဟ ခေါန်းခင်တမန်လို့ရဲ့ ဘွဲ့နာမထက် ကြီးမြတ်လဲ့နည်းတူ သားတော်ဟ ခေါန်းခင်တမန်များထက် သာလွန်ကြီးမြတ်အယ်။5အကျောန်းမှာ ဘုရားသခင်ဟ ပစာ ခေါန်းခင်တမန်အား၊“နင်ဟ ငါရဲ့ သား ဖြစ်အယ်၊ခနေ့ပင် နင့်ဟို ငါဟ နင်ရဲ့ အဘ ဖြစ်လာအယ်” ဟူယွေ့ လည်းကောင်းပစာ ခေါန်းခင်တမန်နဲ့မျှ ပတ်သက်ယွေ့၊“ငါဟ သူရဲ့ အဘ ဖြစ်မယ်။သူဟလည်း ငါရဲ့သား ဖြစ်ရမယ်” ဟူယွေ့ လည်းကောင်း မိန့်မြွက်ခဲ့ဖူးတာ မဆိ။
6အားပေမဲ့ ဘုရားသခင်ဟ မိမိရဲ့ သားဦးအား လောကဟို စေလွှတ်မယ်ဖြစ်သောအခါ၊“ဘုရားသခင်ရဲ့ ခေါန်းခင်တမန်အပေါင်းလို့ဟ အဲသူအား ကိုးကွယ်ဝတ်ပြုရကြမယ်” ဟု မိန့်အယ်။7ခေါန်းခင်တမန်များအကျောန်းဟို ဖော်ပြရာနှိုက်၊“ဘုရားသခင်ဟ မိမိရဲ့ ခေါန်းခင်တမန်များအား လေလိုမျိုး ဖြစ်အယ်၊မိမိရဲ့ အစေခံများဟို မီးလျှံလို ဖြစ်စေအယ်” ဟု မိန့်အယ်။
8အားပေမဲ့ သားတော်အား မိန့်သောအခါနှိုက် ကိုယ်တော်ဟ၊“အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟ ကာလအစဉ်အမြဲ တည်လိမ့်မယ်၊ကိုယ်တော်ဟ မိမိရဲ့ လူစုတော်အား တရားမျှတစွာ အုပ်စိုးအယ်။9ကိုယ်တော်ဟ ဖြောင့်မတ်ခြင်းဟို နှစ်သက်ယွေ့ တရားမဲ့ခြင်းဟို မုန်းပါအယ်။အဲကျောန့် ကိုယ်တော်ရဲ့ ဘုရားတည်းဟူသော ဘုရားသခင်ဟကိုယ်တော်အား ရွေးချယ်ယွေ့ ကိုယ်တော်ရဲ့ အပေါင်းအဖော်လို့ထက် ပိုမိုချီးမြှောက်ကာဝမ်းမြောက်ခြင်း ဆီနဲ့ ဘိသိက် ပေးအယ်” ဟု မိန့်အယ်။
10အဲပင်းရင် ကိုယ်တော်ဟ၊“အို ထာဝရဘုရား၊ ကိုယ်တော်ဟ အစအဦးနှိုက် မြေကြီးဟို ဖန်ဆင်းအယ်၊ကိုယ်တော်တိုင် လက်တော်ဖြင့် ခေါန်းခင်ဟို ဖန်ဆင်းအယ်။11အဲအရာလို့ဟ ပျက်စီးသွားသော်လည်း ကိုယ်တော်ဟ ဆက်ယွေ့ တည်အယ်၊အဲအရာဆိသမျှလို့ဟ အဝတ်လို ဟောင်းနွမ်းကြလိမ့်မယ်။12ကိုယ်တော်ဟ ဝတ်လုံအင်္ကျီဟို လိပ်သလို အဲအရာများဟို လိပ်လိမ့်မယ်၊အဲအရာများဟ အဝတ်အထည်များလို ပြောင်းလဲလိမ့်မယ်။အားပေမဲ့ ကိုယ်တော်ဟ ပြောင်းလဲတော်မမူ၊အသက်တော်ဟ ကုန်ဆုံးလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
13အဲအပြင် ဘုရားသခင်ဟ ပစာ ခေါန်းခင်တမန်အား၊“နင့်ရန်သူလို့ဟို နင်ရဲ့ ခြေတင်ခုံအဖြစ်ငါချထားလဲ့တိုင်အောန်ငါရဲ့ လက်ယာဘက်နှိုက် ထိန်နေလော့” ဟု မိန့်တော်မမူခဲ့ဝူး။14ခေါန်းခင်တမန်အားလုံးလို့ဟ ကယ်တင်ခြင်းဟို အမွေဆက်ခံမဲ့သူများရဲ့ အမှုဟို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရလဲ့ အစေခံ ဝိညာဉ်များ ဖြစ်ကြတာ မဟုတ်လော။