ဗျာဒိတ်
7
/
dnv_twf
ဣသရေလ လူမျိုး ၁၄၄,၀၀၀
1
အဲပင်းရင် ခေါန်းခင်တမန်လေးပါးဟ မြေကြီးရဲ့ ထောင့်လေးထောင့်တွင် ရပ်လျက် မြေကြီးပေါ်ဟို လည်းကောင်း၊ ပင်လယ်ပေါ်ဟို လည်းကောင်း၊ သစ်ပင်ဆိသမျှအပေါ်ဟို လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာရဲ့ လေလို့အား ထိန်းချုပ်ထားတာဟို ငါမျော်ရအယ်။
2
အဲပင်းရင် အခြားသော ခေါန်းခင်တမန်တပါးဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ တံဆိပ်ဟို ကိုင်ဆောင်လျက် နေထွက်ရာအရပ်မှ တက်လာတာဟို ငါမျော်ရအယ်။ အဲခေါန်းခင်တမန်ဟ မြေကြီးနဲ့ ပင်လယ်လို့ဟို ဘေးသင့်စေနိန်သော အခွင့်ရဆိထားလဲ့ ခေါန်းခင်တမန်လေးပါးလို့အား
3
“ငါလို့ ဘုရားသခင်ရဲ့ အစေခံလို့ရဲ့ နဖူးပေါ်တွင် တံဆိပ်မခတ်မီတိုင်အောန် မြေကြီး၊ ပင်လယ်နဲ့ သစ်ပင်လို့ဟို ဘေးမသင့်စေနဲ့” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်အယ်။
4
အဲပင်းရင် တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူလို့ရဲ့ အရေအတွက်ဟို ငါကြားရအယ်။ ဣသရေလအမျိုးသားလို့ရဲ့ မျိုးနွယ်စုအားလုံးထဲမှ ၁၄၄,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရကြအယ်။
5
ယုဒအမျိုးထဲမှ ၁၂,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရယွေ့၊ ရုဗင်အမျိုးထဲမှ ၁၂,၀၀၀၊ ဂဒ်အမျိုးထဲမှ ၁၂,၀၀၀၊
6
အာရှာအမျိုးထဲမှ ၁၂,၀၀၀၊ နဿလိအမျိုးထဲမှ ၁၂,၀၀၀၊ မနာရှေအမျိုးထဲမှ ၁၂,၀၀၀၊
7
ရှိမောင်အမျိုးထဲမှ ၁၂,၀၀၀၊ လေဝိအမျိုးထဲမှ ၁၂,၀၀၀၊ ဣသခါအမျိုးထဲမှ ၁၂,၀၀၀၊
8
ဇာဗုလုန်အမျိုးထဲမှ ၁၂,၀၀၀၊ ဗင်္ယာမိန်အမျိုးထဲမှ ၁၂,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရကြအယ်။
လူအုပ်ကြီး
9
အဲပင်းရင် ငါကျေ့လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနဲ့ ဘာသာစကား အသီးသီးလို့မှ စသူမျှ မရေတွက်နိန်လဲ့ ရမ်းဆာ့သော လူအပေါင်းလို့အထဲမှ ဝတ်လုံဖြူဟို ဝတ်ဆင်လျက် စွန်ပလွံခက်များ ကိုင်ဆောင်ကာ ပလ္လင်တော်နဲ့ သိုးသငယ်ဆေ့တွင် ရပ်နေကြအယ်။
10
သူလို့ဟလည်း၊
“ကယ်တင်ခြင်းဟ ပလ္လင်ပေါ်မှာ ထိန်သော
ငါလို့ရဲ့ ဘုရားသခင်နဲ့
သိုးသငယ်တော်နှိုက် ဆိအယ်” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်ကြအယ်။
11
ခေါန်းခင်တမန်အပေါင်းလို့ဟ ပလ္လင်တော်၊ အသက်ကြီးသူလို့နဲ့ သတ္တဝါလေးပါးလို့ရဲ့ ပတ်လည်နှိုက် ရပ်နေကြအယ်။ သူလို့ဟလည်း ပလ္လင်ဆေ့နှိုက် ပျပ်ဝပ်လျက် ရှိခိုးကာ၊
12
သူလို့ဟ၊
“အာမင်၊
ငါလို့ရဲ့ ကမ္ဘာအဆက်ဆက်
ကောင်းကြီးမင်္ဂလာ၊ ဘုန်းအသရေ၊
ပညာနဲ့တကွ ကျေးဇူးတော် ချီးမွန်းခြင်း၊
ဂုဏ်အသေရေ၊ တန်ခိုးနဲ့ အစွမ်းသတ္တိ ဆိစေသတည်း။
အာမင်” ဟု ပြောဆိုကြအယ်။
13
အသက်ကြီးသူတပါးဟလည်း “ဖြူသော ဝတ်လုံဟို ဝတ်ဆင်သော ဟေသူလို့ဟ စသူလုန်း။ ပစာအရပ်ဟ လာကြလုန်း” ဟု ငါ့အား မေးမြန်းရင်၊
14
ငါဟလည်း “သခင်၊ ကိုယ်တော် သိအယ်” ဟု ပြန်ဆှောက်ရင်၊ အဲသူဟ “ဟေသူလို့သည် ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများ ဖြစ်ကြအယ်။ သူလို့ဟ မိမိလို့ရဲ့ ဝတ်လုံများဟို သိုးသငယ်ရဲ့ အသွေးအားဖြင့် လျှော်ဖွတ်လျက် ဖြူစေကြအယ်။
15
အဲကျောန့်၊
“သူလို့ဟ ဘုရားသခင်ရဲ့ ပလ္လင်ဆေ့နှိုက် နေယွေ့
ကိုယ်တော်ရဲ့ ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ဟို ဝတ်ပြုရကြအယ်။
ပလ္လင်ပေါ်တွင် ထိန်သောသူဟလည်း
သူလို့နဲ့အတူ ဆိပင်း ကာကွယ်စောင့်ဆှောက်လိမ့်မယ်။
16
သူလို့ဟ နောက်တဖန် ဆာလောင်ခြင်း၊
ယေငတ်ခြင်း ဆိတော့မှာ မဟုတ်။
နေ အဲဟာမဟုတ်ရင် အခြားစလို
အပူရှိန်မျှ သူလို့အပေါ် ကျရောက်မယ် မဟုတ်။
17
အကျောန်းမှာ ပလ္လင်တော် အလယ်တွင် ဆိသော သိုးသငယ်ဟ
သူလို့ဟို အုပ်ထိန်းယွေ့
အသက်ယေ ထွက်ရာ စမ်းယေတွင်းဟို သူလို့ဟို လမ်းပြပို့ဆောင်လိမ့်မယ်။
ဘုရားသခင်ဟလည်း သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်” ဟု ဆိုအယ်။
Powered by Seed Bible API
expand_more
Search
All books
Old Testament
New Testament
chevron_left
Previous Chapter
Books
search
Search
explore
Discover
share
Share
chevron_right
Next Chapter