ဗျာဒိတ်22dnv_twf
1အဲပင်းရင် ခေါန်းခင်တမန်ဟ ကျောက်သလင်းလို ကြည်လင်တောက်ပသော အသက်ယေစီးရာ မြစ်ဟို ငါ့အား ပြလေအယ်။ အဲမြစ်ဟ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်မှ ထွက်ယွေ့2မြို့ရဲ့ လမ်းမအလယ်တဆှောက် စီးဆင်းနေအယ်။ မြစ်ရဲ့ တဖက်တချက်စီနှိုက် အသီးတဆယ့်နေမျိုး သီးယွေ့ မိမိအသီးဟို လစဉ်ပေးတတ်လဲ့ အသက်ပင် ဆိအယ်။ အဲအပင်မှ အရွက်များဟလည်း လူမျိုးတကာလို့ရဲ့ ကျန်းမာခြင်းအတွက် ဖြစ်အယ်။3ကျိန်ဆဲခြင်း ခံရသောအရာ တစုံတခုမျှ ဆိတော့မှာ မဟုတ်။ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်ဟ အဲမြို့တွင် ဆိယွေ့ ကိုယ်တော်ရဲ့ အစေခံလို့ဟ ကိုယ်တော်ဟို ကိုးကွယ်ကြလိမ့်မယ်။4သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာဟို မျော်ရကြလိမ့်မယ်။ ကိုယ်တော်ရဲ့ နာမဟလည်း သူလို့ရဲ့ နဖူးပေါ်နှိုက် ဆိလိမ့်မယ်။5ညဟ ဆိတော့မှာ မဟုတ်။ ထာဝရအဆှင် ဘုရားသခင်ဟ သူလို့အပေါ် ထွန်းလင်းတာ ဖြစ်ယွေ့ မီးဖူးရဲ့ အလင်းနဲ့ နေရဲ့ အလင်းလို့ လိုအပ်တော့ဝူး။ သူလို့ဟ ကမ္ဘာအဆက်ဆက် စိုးစံကြလိမ့်မယ်။