မဿဲ1dnv_twf
ယေရှုခရစ်ရဲ့ ဆွေစဉ်မျိုးဆက်များ
1အာဗြဟံရဲ့အမျိုးနဲ့ ဒါဝိဒ်ရဲ့ အမျိုးမှ ဆင်းသက်သော ယေရှုခရစ်ရဲ့ ဆွေစဉ်မျိုးဆက်များ စာရင်းမှာ ဟေလို့ ဖြစ်အယ်။2အာဗြဟံဟ ဣဇက်ရဲ့ အဖ၊ ဣဇက်ဟ ယာကုပ်ရဲ့ အဖ၊ ယာကုပ်ဟ ယုဒနဲ့ သူ့ညီများရဲ့ အဖ၊3ယုဒဟ ဖာရက်နဲ့ ဇာရရဲ့ အဖ သူလို့ အမေ့ဟ တာမာ ဖြစ်အယ်။ ဖာရက်ဟ ဟေဇရုံရဲ့ အဖ၊ ဟေဇရုံဟ အာရံရဲ့ အဖ၊4အာရံဟ အမိနဒပ်ရဲ့ အဖ၊ အမိနဒပ်ဟ နာရှုန်ရဲ့ အဖ၊ နာရှုန်ဟ စာလမုန်ရဲ့ အဖ၊5စာလမုန်ဟ ဗောဇရဲ့ အဖ၊ သူလို့ အမေ့ဟ ရာခပ် ဖြစ်အယ်။ ဗောဇဟ ဩဗက်ရဲ့ အဖ၊ သူ့လို့ အမေ့ဟ ရုသ ဖြစ်အယ်။ ဩဗက်ဟ ယေရှဲရဲ့ အဖ၊6ယေရှဲယ ဆှင်ဘုရင် ဒါဝိဒ်ရဲ့ အဖ ဖြစ်အယ်။ဒါဝိဒ်ဟ ရှောလမုန်ရဲ့ အဖ ဖြစ်အယ်။ ဥရိယရဲ့ ပေါင်အိုမ ဖြစ်ဖူးသောသူ ဖြစ်အယ်။7ရှောလမုန်ဟ ရောဗောင်ရဲ့ အဖ၊ ရောဗောင်ဟ အဘိယရဲ့ အဖ၊ အဘိယဟ အာသရဲ့ အဖ၊8အာသဟ ယောရှဖတ်ရဲ့ အဖ၊ ယောရှဖတ်ဟ ယဟောရံရဲ့ အဖ၊ ယဟောရံဟ ဩဇိရဲ့ အဖ၊9ဩဇိဟ ယောသံရဲ့ အဖ၊ ယောသံဟ အာခတ်ရဲ့ အဖ၊ အာခတ်ဟ ဟေဇကိရဲ့ အဖ၊10ဟေဇကိဟ မနာရှေရဲ့ အဖ၊ မနာရှေဟ အာမုန်ရဲ့ အဖ၊ အာမုန်ဟ ယောရှိရဲ့ အဖ၊11ဗာဗုလုန်မြို့ဟို ဣသရေလအမျိုးသားလို့အား ဖမ်းဆီးခေါ်ဆောင်သွားသော အချိန်တွင် ယောရှိဟ ယေခေါနိနဲ့ သူရဲ့ ညီအကိုများဟို ရအယ်။12ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပင်းနောက်၊ ယေခေါနိဟ ရှာလသေလရဲ့ အဖ ဖြစ်အယ်။ ရှာလသေလဟ ဇေရုဗဗေလရဲ့ အဖ၊13ဇေရုဗဗေလဟ အဗျုဒ်ရဲ့ အဖ၊ အဗျုဒ်ဟ ဧလျာကိမ်ရဲ့ အဖ၊ ဧလျာကိမ်ဟ အာဇော်ရဲ့ အဖ၊14အာဇော်ဟ ဇာဒုတ်ရဲ့ အဖ၊ ဇာဒုတ်ဟ အာခိမ်ရဲ့ အဖ၊ အာခိမ်ဟ ဧလုတ်ရဲ့ အဖ၊15ဧလုတ်ဟ ဧလဇာရဲ့ အဖ၊ ဧလဇာဟ မဿန်ရဲ့ အဖ၊ မဿန်ဟ ယာကုပ်ရဲ့ အဖ၊16ယာကုပ်ဟ ယောသပ်ရဲ့ အဖ၊ မာရိရဲ့ ဖိုးအို၊ ယေရှုရဲ့ အမေ့၊ ခရစ်တော်ဟူယွေ့ ခေါ်သောသူ ဖြစ်အယ်။17အဲလိုမို့ ဆွေစဉ်မျိုးဆက်အပေါင်းမှာ အာဗြဟံမှ ဒါဝိဒ်တိုင်အောန် တဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဗာဗုလုန်မြို့ဟို နေရာပြောင်းလဲ့ တိုင်အောန် တဆယ့်လေးဆက်၊ ဗာဗုလုန်မြို့ဟို ပြောင်းခြင်းခံရလဲ့ အချိန်မှ မေဆှိယ တိုင်အောန် တဆယ့်လေးဆက် ဖြစ်အယ်။