ယောဟန်19dnv_twf
1အဲပင်းရင် ပိလတ်မင်းဟ ယေရှုဟို ခေါ်သွားစေပင်း ကြိမ်ဒဏ်ခတ်စေအယ်။2စစ်သားများဟ ဆူးခက်ဖြင့် ရက်သောဦးရစ်ဟို သူ့ရဲ့ ဦးခေါင်းနှိုက် တင်ယွေ့ ခရမ်းရောင် ဝတ်လုံဟို ကိုယ်တော်အား ဝတ်ပေးပင်းရင်3ကိုယ်တော်ဆေဟို ချဉ်းယွေ့ “ယုဒဆှင်ဘုရင် သက်တော်ဆှည်မန့်စေ” ဟု ဆိုယွေ့ ပါးရိုက်ကြအယ်။4ပိလတ်မင်းဟ အပြင်သို့ တဖန်ထွက်ပင်း လူအုပ်ကြီးအား “အေးသူဟို ပစာအပစ်ဟိုမျှ ငါမတွေ့ကျောန်းဟို နင်လို့သိစေရန် သူ့ဟို နင်လို့ဆိရာဟို ငါ ခေါ်ဆောင်လာမယ်” ဟု ဆိုအယ်။5အဲအခါ ယေရှုဟ ဆူးခက်ဦးရစ်နဲ့ ခရမ်းရောင် ဝတ်လုံဟို ဝတ်လျက် ပြင်သို့ ထွက်လာအယ်။ ပိလတ်မင်းဟ “ကျေ့လော့၊ ဟေသူပင် ဖြစ်အယ်” ဟု ဆိုအယ်။6ယဇ်ပုရောဟိတ်ကြီးနဲ့ အစောင့်တပ်သားများဟ ကိုယ်တော်ဟို မျော်သောအခါ “သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန့်၊ သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန့်” ဟု ဟစ်အော်ကြအယ်။ ပိလတ်မင်းဟလည်း “နင်လို့ဟ သူ့ဟို ယူယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်လော့။ သူ့ဟို သေဒဏ်ပေးရန်အကျောန်း တစုံတရာမျှ ငါမတွေ့” ဟု ဆိုအယ်။7လူအုပ်ကြီးဟ “အဲသူဟ မိမိကိုယ်ကို ဘုရားသခင်ရဲ့ သားဟုပြောသောကျောန့် ငါလို့ တရားဥပဒေအရ သေဒဏ်ခံထိုက်အယ်” ဟု ပြန်ပင်း ဖြေလေအယ်။8ပိလတ်မင်းဟ အဲသူလို့ရဲ့စကားဟို ကြားသောအခါ ပိုပင်း ကြောက်လန့်လာအယ်။9အဲလိုမို့ သူဟ အိုင်တော်ထဲဟို ပြန်ဝင်ပင်းနောက် ယေရှုအား “နင်ဟ ဖယ်နားဟ လာတုန်း” ဟု မေးအယ်။ အဲလိုလဲ ယေရှုဟ ပစာမျှ ဖြေတော်မမူ။10ပိလတ်မင်းဟ နင်ဟ ငါ့ဟို စကားမပြောဘဲ နေသလော၊ ငါဟ “နင့်ဟို လွှတ်ပေးနိန်သော အခွင့်အာဏာ ဆိယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်နိန်သော အခွင့်အာဏာလည်း ဆိတာဟို နင် မသိသလော” ဟု ဆိုအယ်။11ယေရှုဟ “မင်းကြီးအား ဘုရားသခင် အခွင့်နဲ့သာ ဟေလို့သော အခွင့်အာဏာဟို ရဆိခြင်း ဖြစ်အယ်။ အဲကျောန့် ငါ့ဟို မင်းကြီးရဲ့ လက်သို့အပ်နှံသောသူဟ ပိုယွေ့ အပစ်ကြီးအယ်” ဟု ဖြေလေအယ်။12ဟေသို့ ဖြေကြားခြင်းဟို ကြားသောအခါ ပိလတ်မင်းဟ ကိုယ်တော်ဟို လွတ်ငြိမ်းခွင့်ပေးရန် နည်းလမ်းဆှာကြံလေအယ်။ အဲလိုလဲ လူအုပ်ကြီးဟ “အဲသူအား လွတ်ငြိမ်းခွင့်ပေးသောသူဟ ကဲသာဘုရင်ရဲ့ မိတ်ဆွေ မဟုတ်ပီ၊ စသူမဆို မိမိကိုယ်ကို ဆှင်ဘုရင် ဟု ဆိုသူဟ ကဲသာဘုရင်ရဲ့ ရန်သူ ဖြစ်အယ်” ဟု ဟစ်အော်ကြအယ်။13ပိလတ်မင်းဟ အဲစကားဟို ကြားသောအခါ ယေရှုဟို ပြင်သို့ထုတ်ပင်းမှ ကျောက်ပြား ဟု ခေါ်သောနေရာနှိုက် တရားပလ္လင်ပေါ်မှာ ထိန်လေအယ်။ အဲအရာဟို ဟေဗြဲ နာမယ်ဖြင့် ဂဗ္ဗသဟု ခေါ်အယ်။14အဲအချိန်ဟ ပသခါပွဲမတိုင်ခင်နေ့ မွန်းတည့်ခါနီး ဖြစ်အယ်။ ပိလတ်မင်းဟ “နင်လို့ရဲ့ ဆှင်ဘုရင်ဟို ကျေ့ကြလော့” ဟု ယုဒအမျိုးသားလို့အား ဆိုအယ်။15အဲသူလို့ဟ “သူ့ဟို သတ်မန့်၊ သူ့ဟို သတ်မန့်၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်မန့်” ဟု ပြန်ပင်း အော်ကြအယ်။ ပိလတ်မင်းဟလည်း “နင်လို့ရဲ့ ဆှင်ဘုရင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေလိုသလော” ဟု မေးအယ်။ ယဇ်ပုရောဟိတ်ကြီးလို့ဟ “ငါလို့မှာ ကဲသာဘုရင်မှတပါး အခြား ဆှင်ဘုရင် မဆိမန့်” ဟု ပြောကြအယ်။16အဲအခါ ပိလတ်မင်းဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အေးသူလို့လက်သို့ အပ်လိုက်အယ်။ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ခြင်း (မဿဲ ၂၇.၃၂–၄၄; မာကု ၁၅.၂၁–၃၂; လုကာ ၂၃.၂၆–၄၃) အဲလိုမို့ သူလို့ဟ ယေရှုဟို ခေါ်ဆောင်သွားအယ်။17ကိုယ်တော်ဟ “ဦးခေါင်းခွံအရပ်” ဟူယွေ့ နာမယ်တွင်သောအရပ်ဟို မိမိလက်ဝါးကပ်တိုင်ဟို ထမ်းလျက် ကြွအယ်။ အဲအရပ်ဟို ဟေဗြဲစကားဖြင့် “ဂေါလဂေါသ” ဟု နာမယ် ဆိအယ်။18သူလို့ဟ အဲအရပ်နှိုက် ကိုယ်တော်ဟို အခြားသူနေယောက်လို့နဲ့အတူ လက်ဝါးကပ်တိုင်အပေါ်နှိုက် တင်ကြပင်း ယေရှုဟို အလယ်နှိုက် ထားယွေ့ အဲသူနေဦးလို့ဟို ကိုယ်တော်ရဲ့ တဖက်တချက်စီ ထားအယ်။19ပိလတ်မင်းဟ ကမ္ပည်းလိပ်စာဟို ရေးယွေ့ လက်ဝါးကပ်တိုင်မှာ ကပ်ထားလေအယ်။ အဲကမ္ပည်းလိပ်စာဟ “ယုဒဆှင်ဘုရင်၊ နာဇရက်မြို့သား ယေရှု” ဟု ရေးထားအယ်။20ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်လဲ့အရပ်မှာ မြို့နဲ့နီးသဖြင့် လူအများဟ အဲကမ္ပည်းလိပ်စာဟို ဖတ်ကျေ့ကြအယ်။ အဲလိပ်စာဟို ဟေဗြဲဘာသာ၊ ဟေလသဘာသာနဲ့ ရောမဘာသာအားဖြင့် ရေးသားထားအယ်။21ယဇ်ပုရောဟိတ်ကြီးလို့ဟ ပိလတ်မင်းအား “ယုဒဘုရင်ဟူယွေ့ မရေးပါနဲ့၊ ငါဟ ယုဒဆှင်ဘုရင် ဖြစ်အယ်ဟု သူဆိုကျောန်းဟို ရေးမန့်” ဟု ဆှောက်ထားကြအယ်။22ပိလတ်မင်းဟ “ငါရေးပီးလဲ့အတိုင်း အတည်ဖြစ်ရမယ်” ဟု ပြန်ဖြေအယ်။23စစ်သားလို့ဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပင်းသောအခါ ကိုယ်တော်ရဲ့ အဝတ်တော်ဟို လေးပိုင်းပိုင်းယွေ့ တယောက်တပိုင်းစီ ယူကြအယ်။ သူလို့ဟ အထဲခံ အင်္ကျီဟိုလည်း ယူကြအယ်၊ အေးအင်္ကျီဟ ချုပ်ရိုးမဆိဘဲ အပေါ်မှ အောက်ခြေအထိ တထည်လုံးဟို တဆက်တည်း ရက်ထားလဲ့ အဝတ် ဖြစ်အယ်။24သူလို့ဟ “အေးအင်္ကျီဟို မဆုတ်ကြနဲ့၊ မဲချယွေ့ ယူကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြအယ်။ ဟေသို့ပြုမူကြခြင်းမှာ ကျမ်းစာတွင်၊“ဟေသူလို့ဟ ငါရဲ့ အဝတ်အစားများဟို ခွဲဝေယူကြပင်းငါရဲ့အင်္ကျီဟို မဲချယူကြအယ်” ဟုပါဆိလဲ့အတိုင်း ပြေ့စုံလာစေရန် ဖြစ်အယ်။25ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အမေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့ မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။26ယေရှုဟ သူ့အမေ့နဲ့ ကိုယ်တော် ချစ်သောတဘဲ့တော်လို့ ရပ်နေတာဟို မျော်လေအယ်၊ အဲလိုမို့ ကိုယ်တော်ဟ အမေ့၊ “ဟေမှာ နင်ရဲ့သား” ဟု ဆိုအယ်။27အဲပင်းရင် တဘဲ့တော်အား ဟေမှာ နင်ရဲ့အမေ့ ဟု ဆိုလေအယ်။ အဲအချိန်မှစယွေ့ တဘဲ့တော်ဟ အမေ့အား မိမိလို့နေအိုင်နှိုက် ခေါ်ထားအယ်။