၃ ယောဟန်1dnv_twf
1အသက်ကြီးသူ ဖြစ်သော ငါဟ — သမ္မာတရားနှိုက် ငါချစ်လဲ့ ချစ်သော ဂါယုဆေဟို စာရေးလိုက်အယ်။2ချစ်ရသော မိတ်ဆွေ၊ နင့်ရဲ့ စိတ်ဝိညာဉ် ကြီးပွားသလိုမျိုး နင်ဟ အရာရာနှိုက် ကြီးပွားယွေ့ ကျန်းမာပါစေဟု ငါ ဆုတောင်းအယ်။3နင်ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေလဲ့အလျောက် ညီအကို မောင်နှမအချို့လို့ဟ လာယွေ့ နင်နှိုက်ဆိသော သမ္မာတရားအကျောန်းဟို သက်သေခံကြသောအခါ ငါဟ ရမ်းဆာ့ ဝမ်းမြောက်အယ်။4ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။